အခန်း(၁၀)

1.9K 262 14
                                    

{ Unicode }

ဒီနေ့ဝမ်ရိပေါ်နဲ့သူ အကြောင်းအရာတစ်ခုကို ဆွေးနွေးဖြစ်ခဲ့တယ်။ ညနေတိုင်း ညစာအတွက် ဝမ်ရိပေါ်က စောစောပြန်လာတတ်နေပြီဆိုပေမဲ့ တစ်ပတ်မှာ နှစ်ရက်သုံးရက်လောက်ကတော့ ထမင်းဝိုင်းမှာ ရှောင်းကျန့်ကို တစ်ယောက်ထဲထိုင်စောင့်နေအောင် လုပ်တတ်နေသေး၏။ လွန်ခဲ့တဲ့ အပတ်ကပဲ ရှောင်းကျန့်က ကျောင်းပြန်တက်နေပြီဖြစ်ပြီး ဖေးယွီတို့နဲ့လည်းသွားတွေ့ပြီးပြီဖြစ်သည်။ လောင်ဟူနဲ့ဖေးယွီရဲ့ စိတ်ပူနေပုံရတဲ့ မျက်နှာတွေကိုမြင်ပြီးနောက်ပိုင်း ရှောင်းကျန့်က သူ့သူငယ်ချင်းတွေအပေါ် လျစ်လျူရှုလိုက်သလိုများဖြစ်သွားသလားလို့တောင် တွေးလိုက်မိတယ်။ ဒါပေမဲ့လည်း ဝမ်ရိပေါ်နဲ့ ပတ်သတ်မှုကို ဘယ်လိုမျိုး ဖော်ပြရမလဲမသိသေးတာကြောင့် ရှောင်းကျန့်က အဲ့အကြောင်းကိုသွေဖယ်ပြီး အဆင်ပြေပါကြောင်းပဲပြောနေတာမို့ သူတို့လည်းဆက်မမေးကြတော့ဘဲ ရှောင်းကျန့်ပြောသမျှကိုသာ လက်ခံလိုက်ကြတော့သည်။

ဝမ်ရိပေါ်က ရှောင်းကျန့်ဘာလုပ်လုပ် မသိချင်ယောင်ဆောင်ထားတတ်တဲ့အပြင် ကျောင်းမှာလည်း သူတို့ကတစ်ယောက်နဲ့တစ်ယောက် မသိသလိုမျိုး ဟန်ဆောင်နေကြသေးသည်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားတောင် စမခေါ်မဲ့ဘက်မှာနေနေတဲ့သူဖြစ်ပြီး ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်မလိုလားလောက်မည့်အရာမျိုးကို မလုပ်ဟုသာဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း ရှောင်းကျန့်ဘဝက အမြဲအခက်အခဲတွေနဲ့သာပြည့်နှက်နေတဲ့ ဒရမ်မာဆန်ဆန်ဇာတ်လမ်းမျိူးဖြစ်တာမို့ နှောက်ယှက်မည့် ဦးနှောက်ခွေးစားသွားသည့် သောက်ကျိုးနည်း လူဆိုးလူမိုက်လူရမ်းကားတစ်စုမှာ ကျောင်းတွင်ရှိနေသေး၏။ ထိုသူတို့မှာ တခြားသူမဟုတ်ဘဲ ဝမ်ရိပေါ်၏ အပေါင်းအပါတစ်စုပင်ဖြစ်တာကြောင့် ဒီညနေမှ သူနဲ့ဝမ်ရိပေါ် အစည်း‌အဝေးထိုင်နေရခြင်းဖြစ်သည်။

ဝမ်ရိပေါ်က ဝက်သားလိပ်ကို အားပါးတရစားနေပြီး ရှောင်းကျန့်ပြောသမျှကို နားထောင်ပုံမ‌ပေါ်ပေမဲ့ အာရုံမစိုက်တာလည်းဟုတ်မနေဘူး။

Unrequited Love Where stories live. Discover now