Unicode
ဝမ်ချင်းရွှေ လာတွေ့ပြီးသွားတဲ့အချိန်ကစလို့ အခုထိ သူ့စိတ်ထဲ သံသယကင်းကင်းနဲ့ ဝမ်ရိပေါ်ကိုမဆက်ဆံနိုင်ပေ။ ဝမ်ရိပေါ်ကတကယ်ပဲ လက်ထပ်တော့မှာလားဆိုတဲ့ မေးခွန်းက သူ့ခေါင်းထဲဝဲလည်နေခဲ့၏။ ထိုနေ့ပြီးနောက်ပိုင်း ဝမ်ရိပေါ်နှင့်သူ ထပ်မတွေ့ဖြစ်ပါပေ။
Fashion Show တစ်ခုအတွက် ပါရီကိုရောက်နေတဲ့ ဝမ်ရိပေါ်က အလုပ်အတော်လေးရှုပ်နေဟန်။ သူ့စာတွေကိုမပြန်ပါပေ။ ဝမ်ရိပေါ်ကိုထုံးစံအတိုင်းပဲ သူ့ဘက်ကစာတွေစပို့ရင်း ပြန်စာမလာသောစာများကို အပေါ်အောက်ဆွဲကြည့်နေမိသည်။ သူကပဲအမြဲစနေရတာပါပဲ။
minor အနေနဲ့ယူထားတဲ့ စိတ်ပညာအတန်းချိန်ရဲ့ ပါမောက္ခက ကျယ်ဝန်းသောအခန်းထဲ ဝင်လာခဲ့ပြီး အားလုံးကို နှုတ်ဆက်လာချိန်မှပဲ ဖုန်းပိတ်လိုက်ရတော့သည်။ စိတ်ပညာအား ရှောင်းကျန့်စိတ်မဝင်စားပါ။ minor အနေနဲ့ရွေးရမဲ့ ဘာသာရပ်မှာ အဆင်ပြေမယ်ထင်ရာကိုထည့်လိုက်တာဖြစ်ပြီး အတန်းချိန်တွေမှာလည်း သူသေချာလိုက်မလုပ်ဖြစ်။ စိတ်ပညာရဲ့ကျယ်ပြန့်ပုံက သူ့ကိုအိပ်စေချင်တယ်။
အတန်းချိန်ပြီးတော့ သူတစ်ရေးရနေပြီဖြစ်ပြီး ထုံးစံအတိုင်း ဘေးခုံက Lily က သူမရဲ့မှတ်စုစာအုပ်ကို ကမ်းပေးလာတယ်။ ဖုန်းထုတ်ကာ ဟိုလှန်သည်လှန်နဲ့ ဓာတ်ပုံရိုက်ယူလိုက်ပြီး lily ကိုသွားဖြီးပြလိုက်တော့သည်။
"အားကျပါတယ်သူများတွေကို..အိပ်ရေးတွေလည်း ဝနေလိုက်တာ"
"အားကျရင်နင်လည်းလိုက်အိပ်ပေါ့"
"အမယ်လေး..ငါပါနင်နဲ့ရောအိပ်တော့ ဘယ်ကောင်ကစာတွေလိုက်မှတ်မှာလဲ"
"မရရင်မဖြေဘူးပေါ့ဟာ"
"မဖြေရင် နင့်အဖေကအအောင်ပေးမယ်ဆိုတော့လေ"
ပစ္စည်းသိမ်းရင်း lily ရဲ့ငြီးငြူသံကို သွားအဖြီးသားနှင့်ပဲ နားထောင်ဖြစ်သည်။ အခန်းထဲကနေ အတူတူထွက်လာခဲ့ပြီး locker ထဲ၌ စာအုပ်တစ်ချို့ထည့်သိမ်းကာ ကျောင်းဝင်းထဲကထွက်လာလိုက်ကြသည်။ ကျောင်းနဲ့မလှမ်းမကမ်းမှာ ဈေးတစ်ခုရှိပြီး ညနေဘက်ဆိုလျှင် လူရှုပ်ကာစည်ကားနေတတ်၏။
YOU ARE READING
Unrequited Love