အခန်း(၁၂)

774 120 19
                                    

Unicode

*Mature*

ဝမ်ရိပေါ်က သူ့ကိုမွတ်မွတ်သိပ်သိပ်နမ်းရှိုက်နေတယ်။ အရူးအမူးကို လူတစ်ကိုယ်လုံး မြိုချတော့မတတ်ပဲ။ သူ့လက်တွေက ဝမ်ရိပေါ်ကို တွန်းကန်နေတာလား ဆွဲယူနေတာလားမသေချာဘူး။ သေချာတာတစ်ခုကတော့ ဝမ်ရိပေါ်ရဲ့ ရင်ဘတ်ပေါ်မှာ သူ့လက်တွေရောက်နေတယ်ဆိုတာပဲ။ ဒါကဘယ်လိုတောင် ထူးဆန်းတဲ့ စိတ်ခံစားချက်တစ်ခုပါလိမ့်။ တစ်ကိုယ်လုံးပူထူလာပြီး သူ့ရဲ့နှုတ်ခမ်းပါးတွေဟာလည်း ခြောက်ကပ်လာတော့သည်။ လျှာဖျားလေးဟာ နှုတ်ခမ်းပါးကို အကြိမ်ကြိမ်သပ်နေမိပြီး အိမ်မက်ဆိုတဲ့ ဒီအရာကြီးကနေ ရုန်းမထွက်ချင်အောင်ကို ပျော်ဝင်နေခဲ့တော့၏။

အိပ်ယာကနေနိုးတဲ့အချိန်မှာ ရှောင်းကျန့်က သူ့ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုကြောင့် ခေါင်းကိုရှုပ်ပွသွားအောင် ဆွဲဖွပစ်လိုက်မိသည်။ အချိန်က မနက်လေးနာရီခန့်ရှိနေပြီဖြစ်ပြီး သူဆိုဖာပေါ်ကနေ ဝမ်ရိပေါ်ရှိနေမဲ့ အပေါ်ထပ်ကို တစ်ချက်လှမ်းမော့ကြည့်လိုက်မိသည်။ အလုပ်ကိုလာကြိုတဲ့ ဝမ်ရိပေါ်ကြောင့် သူ့စိတ်တွေ နည်းနည်းရှုပ်ထွေးသွားတာကို ‌ရှောင်းကျန့်သတိထားမိလိုက်တော့တယ်။ သူ့ရဲ့ဆွဲငင်အားက ရှောင်းကျန့်အပေါ်ကို သည်လောက်အထိတောင်မှ သက်ရောက်နေခဲ့ပြီလား?

ဆက်အိပ်လို့လည်းမရတော့သည်မို့ မနက်စာစားပွဲမှာ ဟင်းတစ်ချို့ကိုပြင်ဆင်ပေးပြီးတဲ့နောက် ရှောင်းကျန့်က ကျောင်းကိုအစောကြီးသွားလိုက်တယ်။ သူကျောင်းကိုရောက်တဲ့အချိန်က‌ ခြောက်နာရီခွဲရုံသာရှိသေးပြီး ကျောင်းတံခါးတောင်မဖွင့်သေးပါပေ။ ရှောင်းကျန့်က လူဝင်ပေါက်အသေးလေးကနေပဲ ကျောင်းထဲဝင်လိုက်ရတော့သည်။

တစ်နာရီကျော်မျှကြာပြီးတဲ့နောက်မှာတော့ စာထိုင်လုပ်နေတဲ့ ရှောင်းကျန့်ရဲ့ဖုန်းထဲသို့ စာနှစ်စောင်သည် ရှေ့ဆင့်နောက်ဆင့်ဝင်လာတော့သည်။

Unknown : "မင်း..."

Unknown : "ကျောင်းမှာလား?"

နာပါတ်စိမ်းတစ်ခုဖြစ်သည့်အပြင် ထိုနာပါတ်သည် မနေ့ညကလည်း စာအချို့ပို့ထားခဲ့သေးသည်။ ရှောင်းကျန့်ခပ်မြန်မြန်ပဲ စာပြန်လိုက်သည်။

Unrequited Love Where stories live. Discover now