အခန္း(၁၄)

798 112 13
                                    

Unicode

နှင်းမှုန်တွေတဖွဲဖွဲကျနေတဲ့ ပတ်ဝန်းကျင်မှာ လူတွေအားလုံးက ထီးကိုယ်စီနှင့် သွားရောက်လိုရာကို ခပ်သွက်သွက်သွားနေကြကာ အရာအားလုံးက သက်ဝင်လှုပ်ရှားလျက်။

ရှန်ဟိုင်းရဲ့ ငွေထုတ်ဘဏ်တစ်ခုရှေ့က လှေကားထစ်တွေပေါ်ဆီမှ လူငယ်လေးတစ်ယောက် ဆင်းလာခဲ့ပြီး လောလောလတ်လတ်ထုတ်ယူလာခဲ့တဲ့ ငွေအချိူ့ကို အိတ်ထဲသေချာထည့်ကာ ရင်ဘတ်နဲ့ကပ်လျက်က အိတ်ကပ်ထဲ ထည့်၍ ကိုယ်နှင့်မကွာဖိကပ်ထား၏။ လှေကားထစ်တွေရဲ့ အဆုံးမှာ အဝါရောင်ပြိုင်ကားတစ်စီးရပ်နေပြီး ထိုလူငယ်လေးက မျက်နှာလေးမှာပြုံးနေကာ ကားထဲသို့ဝင်သွားတော့၏။

အေးစက်တဲ့လေထုကို ခဏတာဖြတ်သန်းခဲ့ရတာမို့ ကားထဲက အနွေးဓာတ်က ရှောင်းကျန့်ကို သက်တောင့်သက်သာ ဖြစ်စေတယ်။ ရင်ဘတ်ထဲဝှက်ထားတဲ့ အိတ်ကိုထုတ်လိုက်ပြီး ထိုအိတ်ထဲမှာ ယွမ်ငွေများကို ရှောင်းကျန့်ကရေတွက်နေ၏။

ဝမ်ရိပေါ်က ဘာမှမပြောပေမဲ့ သူ့မျက်လုံးထောင့်တွေက ရှောင်းကျန့်ကို အကဲခတ်နေပြီး ပုံမှန်လိုပင်ပြုမူကာ ကားစက်နှိုးပြီးမောင်းထွက်သည်။

"ယွမ်တစ်သိန်းတောင်..ငါဒါထုတ်လိုက်တာတောင် အကောင့်ထဲမှာအများကြီးကျန်နေသေးတယ် တကယ်ပဲတစ်သက်လုံးဘာမှမလုပ်ဘဲ ထိုင်စားလို့ရပြီ သခင်လေး..မင်းကအရမ်းရက်ရောတာပဲ"

ငွေစက္ကူများကို မြင်နေရလျှင် ပြုံးရွှင်နေတဲ့လူအား ဝမ်ရိပေါ် မဝေဖန်ချင်တော့၊ ရှောင်းကျန့်က ငွေတွေကိုသဘောကျပြီး သူကထိုငွေတွေကို သုံးမကုန်ဖြုန်းမကုန်နိုင်အောင် ပိုင်ဆိုင်ထားသည်။ နှစ်ကုန်ပြီမို့ ဝမ်ရိပေါ်ရဲ့ ပွဲဦးထွက်ဒရမ်မာက စတင်ရိုက်ကူးနေပြီဖြစ်ပြီး အရင်လောက်တောင် အိမ်ကိုပြန်မလာဖြစ်တော့ပေ။

ငွေတွေတစ်လုံးတစ်ရင်းထဲ ကြောက်မက်ဖွယ် ကိန်းဂဏန်းနဲ့ ရာဂဏန်းသာရှိခဲ့သော ရှောင်းကျန့်၏ ဘဏ်စာရင်းထဲသို့ ရောက်လာခဲ့တာမို့ ဘဏ်အကောင့်မှာ ယာယီပိတ်ခံလိုက်ရပြီး အခွန်စစ်ဆေးရေးရုံးက ရှောင်းကျန့်ကို ထောက်လှမ်းလာတော့သည်။ ငွေလွှဲသူ ဝမ်ရိပေါ်က သာမာန်လူမဟုတ်တာမို့ ထိုသခင်လေးအား ဆက်သွယ်ပြီးအသိပေး၏။

Unrequited Love Where stories live. Discover now