အခန်း(၁၃)

826 115 25
                                    

Unicode

ရှန်ဟိုင်းရဲ့ ဆောင်းက ဇန်နဝါရီအကုန် ဖေဖော်ဝါရီကိုအကူး
မှာ အမြဲတမ်းပိုအေးတယ်။ နွေးထွေးတဲ့ ဂျာကင်အင်္ကျီကြီးတွေ သိုးမွှေးသားအနွေးထည်ကြီးတွေကြားမှာ လူတွေကနစ်မြုပ်နေကြပြီး ဘောင်းဘီတွေနှစ်ထပ်သုံးထပ်နဲ့ အအေးဒဏ်ကိုလည်း အံတုနေကြပြီ။ မိန်းကလေးအချို့ကသာ ပေါင်လယ်လောက်တိုတဲ့ စကပ်လေးတွေကို အလှအပအတွက် အရဲစွန့်နေကြပေမဲ့ သူတို့တွေရဲ့ နီထွေးနေတဲ့ပါးပြင်လေးတွေနဲ့ နှာခေါင်းထိပ်လေးတွေကိုကြည့်ရင် ဘယ်လောက်ထိအေးနေမလဲ သိသာမြင်သာလှသည်။

မီးနီပြတဲ့အချိန်မှာ လမ်းဟိုဘက်သည်ဘက် ဖြတ်ကူးကြတဲ့ လူပင်လယ်ကြီးက ပျားပန်းခတ်မျှ ရှုပ်ထွေးသွားသည်။ ရုံးဆင်းချိန် ကျောင်းဆင်းချိန်ဖြစ်တာမို့ အားလုံးက ပင်ပန်းနေကြပြီး အိမ်ပြန်ဖို့သာ အာရုံရှိနေကြတာမို့ ခပ်သွက်သွက်ပင်။ ဖုန်းပြောနေသူတွေ အိမ်အပြန်လမ်းအတွက် စားစရာတွေ ဝယ်ယူနေကြပြီး လူတွေက ကိုယ်ပိုင်ဆိုင်တဲ့ကမ္ဘာငယ်လေးထဲမှာ ကိုယ်ပျော်နေကြတာပါပဲ။

ထိုလူပင်လယ်ကြီးထဲတွင် အနက်ရောင်ကုတ်အင်္ကျီအထူ ခပ်နွေးနွေးကြီးကို တစ်ကိုယ်လုံးမြုပ်နေအောင် ဝတ်ထားတဲ့ ရှောင်းကျန့်လည်း တစ်ယောက်အပါအဝင်ဖြစ်၏။

နှင်းဖွဲဖွဲလေးကျဆင်းနေတဲ့ ကားလမ်းဘေးလမ်းသွယ်လေးကနေ လမ်းလျှောက်နေခဲ့ပြီး လမ်းတစ်ဖက်တစ်ချက်မှာရှိနေတဲ့ ကော်ဖီဆိုင် ထမင်းဆိုင် အထည်ဆိုင် လက်ဝတ်ရတနာဆိုင် အစရှိတဲ့ နွေးထွေးတဲ့မီးရောင် ထိန်လင်းနေတဲ့ ဆိုင်တွေအားလုံးနီးပါးကို သူငေးနေမိခဲ့သည်။ မီးခပ်မှိန်မှိန်လေးထွန်းထားပြီး အေးစီးတဲ့ရာသီဥတုမှာ နွေးထွေးစွာ ဝယ်သူတွေကိုကြိုဆိုနေကြတဲ့ ဆိုင်တွေကို သူသဘောကျတယ်။ ကြည့်လိုက်မြင်လိုက်ရုံနဲ့တင် နွေးထွေးမှုကိုအတိုင်းသားခံစားရတယ်လေ။

လမ်းသွယ်လေး ဆုံးခါနီးမှာ
အချိုးအကွေ့တစ်ခုရှိပြီး ကားမှတ်တိုင်တစ်ခုလည်းရှိသည်။ ကားမှတ်တိုင်အောက်မှာ ချမ်းစီးတဲ့ရာသီဥတုထဲ ညနေအိမ်ပြန်ဖို့ ဘတ်စ်ကားစောင့်နေသူ အများအပြားကိုလည်း တွေ့နေရသည်။

Unrequited Love Where stories live. Discover now