{ Unicode }
နှစ်ပတ်ခန့်ကြာပြီးတဲ့နောက်မှာ ရှောင်းကျန့်လည်း အခြေအနေတော်တော်လေးကောင်းမွန်လာပြီဖြစ်ပြီး လှုပ်ရှားမှုတစ်ချို့ကိုလည်း ဝမ်ရိပေါ် မသိအောင် ခိုးလုပ်လို့ရနေပြီဖြစ်သည်။ ဒီရက်တွေအတွင်း ရှောင်းကျန့်က ကျောင်းခဏနားထားရပြီး သူပျက်ကွက်နေတဲ့သင်ခန်းစာတွေအရမ်းများနေပြီဖြစ်တာကြောင့် စိတ်ထဲမှာတဖြေးဖြေးပူပန်လာနေခဲ့သည်။ ဝမ်ရိပေါ်နှင့်ဆက်ဆံရေးကတော့ နှစ်ရက်နေလို့မှ မျက်နှာကိုတစ်ခေါက်မြင်ရဖို့တောင် ခက်ခဲလှပြီး တော်ရုံလည်းဝမ်ရိပေါ်က အိမ်ပြန်မလာပါပေ။ ဒီနေ့က ပိတ်ရက်ဖြစ်တာတောင်မှ ဝမ်ရိပေါ်ဟာ အိမ်မှာမနေသည်အထိ အိမ်စောင့်နတ်နှင့်ရန်ဖြစ်ထားပုံရသည်။
တိတ်ဆိတ်ပြီးခြောက်ကပ်လှတဲ့ အိမ်ကြီးထဲမှာ ရှောင်းကျန့်က အထီးကျန်လွန်းတာကြောင့် ဝမ်ရိပေါ်ဝယ်ဖြည့်ပေးထားတဲ့ မုန့်မျိုးစုံနဲ့အစားကောင်းအသောက်ကောင်းတွေ စားလိုက်၊ အိပ်လိုက်နဲ့ပဲ နှစ်ပတ်အတွင်းမှာတင် သူ၏ပေါင်ချိန်သည် အတော်လေးတိုးလာခဲ့သည်။
ဒီနေ့လည်း ပျင်းလွန်းတာကြောင့် ရေခဲသေတ္တာဖွင့်လိုက်ပြီး အထဲမှာရှိနေသေးတဲ့ နို့ကိတ်ကို ချောကလက်ပူပူလေးဖျော်ပြီး ဖြေးဖြေးချင်းထိုင်စားနေလိုက်တယ်။ ဒီနေ့က ထူးခြားတဲ့နေ့တစ်နေ့ဖြစ်လောက်မယ်၊ နေသာနေတဲ့အပြင် မမျှော်လင့်ထားပါသော ဧည့်သည်တစ်ယောက်သည်လည်း အိမ်တံခါးဝသို့ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်ချလာ၍ဖြစ်သည်။ ရောက်ရှိလာသည့် ဧည့်သည်မှာ အခြားသူမဟုတ် ဝမ်ရိပေါ်၏အဖေသာဖြစ်လေသည်။
ဝမ်ချင်းရွှေမှာ အခန်းရှေ့က လူခေါ်ဘဲလ်အား အဆက်မပြတ်နှိပ်နေခဲ့ပြီး ဝမ်ရိပေါ်အထင်ဖြင့် တံခါးအားဆွဲဖွင့်ပေးမိချိန်မှာတော့ ရှောင်းကျန့်မှာ ဆွံ့အသွားရတော့သည်။ ရုတ်တရက်ကြည့်ရုံနှင့်ပင် ဝမ်ရိပေါ်လို မျက်နှာကျမျိုးနှင့် မျက်မှောင်ကြီးအားကျုံ့ထားပါသော ခပ်ချောချောအမျိုးသားတစ်ယောက်သည် မျက်ဝန်းများထဲ မနှစ်မြို့သည့်စက်စုပ်ဟန်ပါသော အကြည့်များဖြင့် ရှောင်းကျန့်အား ခေါင်းစခြေဆုံးကြည့်လိုက်ပြီး..
YOU ARE READING
Unrequited Love