⟨ Unicode Version ⟩
အပိုင်း သုံး“ ..... 'ဂျင်' ရှီက ဒီလောက်ချောမောတဲ့ရုပ်ရည်နဲ့ဆိုရင် ကျောင်းတုန်းက ကောင်မလေးတွေ ဝိုင်းဝိုင်းလည် ဖြစ်ခဲ့မှာပဲ ... ရိုမန့်တစ်ဇာတ်လမ်းလေးတွေ ဘာတွေများရှိခဲ့ရဲ့လား ... ”
အစီစဉ်တင်ဆက်သူရဲ့မေးခွန်းအဆုံး သူ ခေါင်းညိတ်ရင်း ရယ်လိုက်သည်။
" ဒါပေါ့ ကျွန်တော့်မျက်နှာနဲ့ဆို အကုန်လုံးကို ဖမ်းစားနိုင်တယ်လေ ... "
"လက်ရှိမှာရော စိတ်ဝင်စားနေတဲ့သူရှိလား "
" ... ရှိတယ်! တွဲနေတဲ့သူတောင်ရှိတယ် "
သူ့စကားကြောင့် ရှိနေတဲ့ ဝန်ထမ်းတွေအပါအဝင် အစီစဉ်တင်ဆက်သူပါ မျက်လုံးတွေပြူးသွားရတော့သည်။ သူ့မန်နေဂျာကတော့ သွေးတက်နေပြီဖြစ်သည်။
" အာ ~~ ဆော့ဂျင် ဆော့ဂျင် ... ပွဲစီစဉ်သူဆီက ဖုန်းလာနေတယ် ..."
" ကဒ်!!! "
သူ့အဖြေကြောင့် ချက်ချင်းပင် မန်နေဂျာအစ်ကိုက ရိုက်ကွင်းထဲဝင်ကာ Ngဖြစ်အောင်လုပ်ရင်း မလာတဲ့ဖုန်းကို ဟန်ဆောင်ကမ်းပေးပြီး ဆွဲထုတ်လာသည်။
" ကင်ဆော့ဂျင်ရဲ့!! ဘာပေါက်ကရတွေ လုပ်နေတာလဲ ... မင်း နာမည်ကြီးတယ်ဆိုတိုင်း ဖြေလို့မရဘူးလေ ... မင်းသက်တမ်းက နှစ်နှစ်ကျော်ကျော်ပဲရှိသေးတယ်ဆိုတာ သဘောပေါက် ... ငါ့ကိုပြသနာမဖြစ်အောင် လုပ်လို့မရဘူးလား ..."
သူ စိတ်ထင်ရာလုပ်တိုင်း ပြန်ဖြေရှင်းပေးရတဲ့ မန်နေဂျာအစ်ကိုက ထပ်ခါတလဲလဲ ပြောနေကျစကားတွေပြောလာတာ့ သူ ခေါင်းညိတ်လိုက်သည်။
" အစ်ကိုပဲပြောခဲ့တာလေ အမှန်အတိုင်း ရိုးရိုးသားသားနေဆို ... ပြီးတော့ ကျွန်တော်ကလည်း relationship နဲ့ ပတ်သက်ရင် လိမ်မှာမဟုတ်ဘူးလို့ ပြောပြီးသားနော် .. "
" သိတယ် သိတယ် ... ဒါပေမဲ့ ဒီ ချစ်သူရှိလားဆိုတဲ့မေးခွန်းတွေအကုန် ကန့်သတ်မေးခွန်းထဲ ထည့်ထားတာကို ... ဘာဖြစ်လို့ အစီစဉ်တင်ဆက်သူက မေးချလိုက်ရတာလဲ ... ကင်ဆော့ဂျင် ငါ့ကို Big Hitကနေ ကန်ထုတ်ခံထိအောင် မလုပ်ပါနဲ့ .."
YOU ARE READING
Me, Myself & Bad Romance【Completed】
Fanfiction" For me , all i need is me, myself and Jungkook. " - Kim Seok Jin • This is a Jinkook Story •