⟨ Unicode Version ⟩
Me, Myself & Bad Romance" .... "
မျက်နှာရှုံ့မဲ့ကာ ကားနောက်မှန်ကနေ အိမ်ကြီးဆီ လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့သားသားကြောင့် သူမ သားသား လက်လေးကို လှမ်းဆုပ်ကိုင်မိသည်။ ကလေးလေးရှိခါစမို့ စိတ်ခံစားချက်တွေက ကောင်းကောင်းငြိမ်သက်တာမျိုးမရှိသေး၊ ထိခိုက်လွယ်ပြီး နူးညံ့နေတဲ့ကာလမို့ သားသားနဲ့ဆော့ဂျင် ကိစ္စကို သူမ ကိုင်တွယ်နေရတာဖြစ်သည်။ ဆော့ဂျင်အတွက် မတရားတာသိပေမယ့် တစ်ခုခုဆို ကောင်းကောင်းမွန်မွန်ဖြေရှင်းဖို့ အခွင့်အရေးမပေးတဲ့သူမသားကြောင့် သူမ အခုလိုစီစဉ်ခဲ့ရတာပင်။
" သားသား~~ "
သူမ ခေါ်မိတော့ ရှုံ့တွနေတဲ့မျက်နှာက ပိုတိုးလို့ မဲ့လာသည်။
" ဘာလို့လဲ "
" ဟင် "
" ဘာလို့လဲ ... တီတီပြောတော့ ကွာရှင်းဖို့ပြောကြည့်ရုံပဲဆို ~~ တကယ်လက်မှတ်မထိုးခိုင်းဘူးဆို !! အခု ကြည့်! ကိုကိုက ကိုကိုက သားသားကို ထပ်ပြီး ထပ်ပြီး ပစ်သွားပြန်ပြီ! "
တုန်လှုပ်ခြင်းများစွာနဲ့ ပြောလာလေတော့ သူမ သားသားလက်ကို ခပ်ဖွဖွပွတ်မိသည်။
" မဟုတ်ပါဘူး သားသားရယ် ~~ ကိုကို့ကို ခဏလောက် အချိန်ပေးလိုက်ပါဦး ~~ ပြီးတော့ သားသားတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် မကွာရှင်းချင်ကြမှန်းလည်း သိပါတယ် .. မကွာရှင်းချင်ကြတာကို ပွင့်ပွင့်လင်းလင်းမပြောကြဘဲ ဘာကိုစောင့်နေလို့ စောင့်နေမှန်းမသိ အချိန်ဆွဲနေကြလို့ အခုလိုလုပ်လိုက်တာ ... သားသား! မင်းကိုကိုကို ခဏလောက်ပစ်ထားလိုက်! အခု သားသား ဂရုစိုက်ရမှာက ဟောဒီ့ထဲက ပိစိလေးကိုပဲ ~~~ အန္တရာယ်များတာ သိတယ်ဟုတ် "
" ဟင်အင်း! ကိုကို့ကို မပစ်ထားနိုင်ဘူးတီတီ!! ကိုကိုက သားသားကို ပစ်ထားနိုင်လို့ သားသားက ကိုကို့ကို မပစ်ထားနိုင်ဘူးတီတီ!! ပြီးတော့ သားသားတို့ အခု ကွာရှင်းလိုက်ကြပြီလေ မပတ်သက်ကြတော့ဘူးလေ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ပြန်အဆင်ပြေနိုင်တော့မှာလဲ ... လက်ထပ်ချင်တဲ့အချိန်လက်ထပ်ပြီး ကွာရှင်းချင်တဲ့အချိန်ကွာရှင်းတာက ကစားစရာမဟုတ်ဘူးလေ တီတီ!!! တီတီတို့ ဘာတွေ လုပ်နေကြတာလဲ !! ဟမ်! ... သားသားကို ကိုကို ဘယ်လောက်ချစ်လဲ သားသားမသိချင်တော့ဘူး ... အဲ့ဒါကြောင့် အခုလိုတွေ မလုပ်ဘဲ ကိုကို့နဲ့ အနီးဆုံးနေရာမှာပဲ ထားပေးလို့်မရဘူးလားဟင် "
YOU ARE READING
Me, Myself & Bad Romance【Completed】
Fanfiction" For me , all i need is me, myself and Jungkook. " - Kim Seok Jin • This is a Jinkook Story •