⟨ Unicode Version ⟩
Me, Myself & Bad Romanceအပိုင်း ၂၄
" အားနာပါတယ် ဂျွန်ဂျောင်ကုရှီကို အင်တာမဗျူးတော့ပါဘူး "
" အားနာပါတယ် ကျွန်တော်တို့လိုအပ်ချက်နဲ့ ပြည့်စုံပေမယ့် ခင်ဗျားကို အလုပ်တော့ ခန့်လို့မရပါဘူး "
" ကျွန်တော်တို့ ရုံးချုပ်က စီအီးအိုရဲ့ ခင်ပွန်းကို ဒီရာထူးနဲ့ ဒီလိုကုမ္မဏီသေးသေးမှာထားလို့ဘယ်ဖြစ်မလဲ ... အားနာပါတယ် ... "
အလုပ်လျှောက်တဲ့ကုမ္ပဏီတိုင်းလိုလို ထွက်လာတဲ့စကားသံ။ သူ စိတ်ပျက်စွာ လမ်းမဘေးက ခုံတန်းပေါ် ထိုင်နေမိသည်။ အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေရတာ ရူးမတတ်ခံစားနေရတာကြောင့် သူနဲ့ သင့်တော်မယ့်အလုပ်တစ်ခုကို ရှာနေခဲ့ပေမယ့် ကိုကို့ရဲ့ပိတ်ပင်တားဆီးမှုတွေကြောင့် အခုထက်ထိ သူအလုပ်မရနိုင်သေးပါ။ အဲ့ဒီလိုပဲ ရှေ့ဆက်ပြီး အလုပ်ရဖို့အစီအစဉ်လည်းမရှိ။ ရှင်းရှင်းပြောရင် အချိန်ပိုင်းအလုပ်တောင်မှ သူလုပ်ဖို့ မရှိပါ။ လုပ်ရင်လည်း ပထမတစ်ရက်သာအဆင်ပြေပြီး နောက်ရက်တွေကျ အလုပ်လက်မဲ့ ပြန်ဖြစ်သွားတတ်သည်။ ဒါတွေအားလုံးရဲ့တရားခံက ကိုကိုဖြစ်ပေမယ့် တစ်လလုံးလုံးပေါ်မလာတဲ့ ကိုကို့ကို သူ ဖုန်းဆက်ပြီး ရန်ဖြစ်ရလောက်တဲ့အထိ သူ့မှာ အင်အားမရှိ။ သူမောပန်းနေပြီဖြစ်သည်။
ကိုကိုပြောတဲ့ အထီးကျန်ကျန်ခံစားချက်ကို သူ အခုသိပြီမို့ သူ လက်လျော့မိချင်နေပြီဖြစ်သည်။
" ဂျောင်ကု! "
" ဟင် "
ရုတ်တရက် သူ့နာမည်ကြောင့် မော့ကြည့်မိတော့ စီနီယာကင်ကို တွေ့လိုက်ရသည်။
" စီနီယာကင် ~ "
" ဘာလုပ်နေတာလဲ မင်းကိုကြည့်ရတာ စိတ်ပျက်အားလျော့နေတဲ့ပုံပဲ ... "
စီနီယာပြောရင်း သူ့ဘေးနားလာထိုင်တော့ သူ အားတင်းရယ်ရင်း တုံ့ပြန်မိသည်။
YOU ARE READING
Me, Myself & Bad Romance【Completed】
Fanfiction" For me , all i need is me, myself and Jungkook. " - Kim Seok Jin • This is a Jinkook Story •