【25】

957 155 23
                                    

⟨ Unicode Version ⟩
Me, Myself & Bad Romance

မိုးလေတွေနဲ့ အေးစိမ့်နေတဲ့ရာသီဥတုကို သူကြည့်မိရင်း  တစ်ယောက်သောသူကို မျှော်လင့်မိသည်။  အဲ့ဒီ့နေ့ သူ ကားပေါ်မှာ ခံစားရသမျှနာကျင်မှုတွေ ဖွင့်ချပြီးတဲ့နောက်မှာတော့ သူဘယ်လောက်နာကျင်နေရပါကြောင်း သိသာစေဖို့အတွက် ကွာရှင်းကြရအောင်လို့ ပြောခဲ့မိသည်။ အကျိုးဆက်အနေနဲ့ကတော့ ကိုကိုဟာ သူ့ကို အိမ်ပြန်ပို့ပြီးတာနဲ့ ချက်ချင်း အပြင်ပြန်ထွက်ကာ သုံးရက်တိတိ အိမ်ပြန်မလာ။ တစ်ခုခုဖြစ်တိုင်း အိမ်ပြန်မလာတာက များနေပြီမို့ သူဝမ်းနည်းရသည်။ ကိုကိုနဲ့ သူ့ကြားမှာ အဆင်မပြေမှုတွေများနေပြီမို့ ‌သူအမြန်ဆုံးအဆင်ပြေချင်သည်။ အထူးသဖြင့် ကွာရှင်းရအောင်ဆိုတဲ့စကားကို သူရုတ်သိမ်းချင်သည်။ သူ့ရဲ့နာကျင်မှုအတိုင်းအတာကို ကိုကိုသိပြီး သူ့အပေါ် ကိုကို့သဘောထားတွေ ပျော့ပြောင်းလာမှာကို သူမျှော်လင့်နေခဲ့တာဖြစ်သည်။

" ... မှားပြောမိလိုက်တာမဟုတ်ပေမယ့် တကယ်လွှတ်ချင်လုနီးပါးဖြစ်နေလို့ ပြောလိုက်မိတာ ...  ... ဒါပေမဲ့ ငါက ကိုကို့ကို မကွာရှင်းနိူင်သေးဘူးလေ "

ကိုကိုပြန်လာရင် တွေ့နိုင်လောက်တဲ့ ပြတင်းပေါက်ဘေးနားရပ်ရင်း မြင်ရတဲ့လမ်းမလေးကို မှန်ပေါ်ကနေ လက်ညှိုးထောက်ကာ ရေရွတ်မိတော့ အဝေးကနေ ကိုကို့ကားလေးဝင်လာတာ သူလှမ်းမြင်လိုက်သည်။ ထို့ကြောင့် ကျောလေးထောင်မတ်ကာ အဲ့ဒီ့နေ့ကားပေါ်မှာ ပြောထားတဲ့စကား ပြန်ရုတ်သိမ်းဖို့ သူလမ်းကြောင်းရှာလိုက်မိသည်။ ကိုကိုပြန်လာတာသိပြီမို့ သူ ပြေးဆင်းသွားလိုက်ချင်ပေမယ့် အခန်းထဲက မထွက်နဲ့ လို့ပြောထားတဲ့စကားကို သူနားထောင်ချင်သည်။

ဟိုတစ်နေ့က သူ အလုပ်ရှာရင်း ခူရိုနဲ့ တွေ့ပြီး ဘာတွေဖြစ်ပျက်နေလဲ ပြောပြခဲ့ရာမှ ခူရိုက ကိုကို့ဘက်ကနေကာ သူ့ကို ဆူပူကြိမ်းမောင်းခဲ့တာမို့ ကလပ်ကိုသွားပြီး စုံစမ်းတာ သူ့အလွန်မှန်း သူသတိထားမိပြီးပြီဖြစ်သည်။ အဲ့ဒါကြောင့် ကိုကိုဒေါသဖြစ်ပြီး သူ့ကိုကြမ်းကြမ်းတမ်းတမ်းပြောသွားတာကို သူ စိတ်ဆိုးလို့မရ။ သူသာဆိုရင်လည်း  ကိုကို တခြားသူတွေကို အဲ့ဒီလိုမျိုး ကူညီရင် တကယ် စိတ်ဆိုးမိမှာပင်။

Me, Myself & Bad Romance【Completed】 Where stories live. Discover now