【18】

1.3K 167 61
                                    

⟨ Unicode Version ⟩
Me, Myself & Bad romance
အပိုင်း ၁၈

လေးပင်နေတဲ့ခြေလှမ်းတွေနဲ့ တံတားတစ်လျှောက် သူ လမ်းလျှောက်နေမိသည်။ အိမ်လည်း မပြန်ချင်သလို သူ သွားရမယ့်နေရာမရှိ။ သူ့ကိုယ်သူ အစွန့်ပစ်ခံကလေးတစ်ယောက်လို ခံစားမိလိုက်သည်။ ‌တိုးဝှေ့လာတဲ့လေညင်းတွေကို ခံယူမိရင်း တံတားကနေတစ်ဆင့် မြစ်ကမ်းနံဘေးဆီ သူ ခြေဦးတည့်မိသည်။

သူ မျက်မြင်တွေ့ခဲ့ရသလိုပဲ၊ သူကြားခဲ့ရသလိုပဲ ကိုကို့မှာ ချစ်ရသူရှိနေရင် ဘာကြောင့် သူ့ကို ချစ်သလိုလိုနဲ့ လက်ထပ်ခဲ့သေးတာလဲ ... အမုန်းတွေက ပိုသာနေလို့များ တမင်သက်သက်နှိပ်စက်ဖို့ လက်ထပ်ထားတာလား သူ မတွေးတတ်တော့ ...။ အခုချိန်မှာ ခိုကိုးရာမဲ့နေသလို သူ့နှလုံးသားဟာ လေးလံနာကျင်နေမိသည်။ မြစ်ကမ်းနံဘေးက လေပြေနဲ့အတူ သူ ကွယ်ပျောက်သွားချင်မိသည်။

သူ့မှာ ကပ်တွယ်ရာနေရာမရှိတော့သလို ခံစားချက်တွေက ရောထွေးလာသည်။ တစ်ခုခုဆို ငိုယိုပြီးတိုင်တည်ရမယ့် မိဘတွေမရှိသလို သူငယ်ချင်းအပေါင်းအဖော်ကလည်းမရှိ။ တစ်ဦးတည်းသောသူငယ်ချင်းကလည်း အနားမှာမရှိ။ အလုပ်ကလည်း ကိုကို့မယုံကြည်မှုအောက်မှာ ပျောက်ရှသွားခဲ့ရပြီဖြစ်သည်။

သူ အလုပ်ပြုတ်တာထက် သူ့ကို ကိုကိုမယုံကြည်ဘဲ အလုပ်တန်းဖြုတ်လိုက်တာက ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပါဝင်တယ်ဆိုတာ သူသိသည်။ ကိုကိုက ဘာကြောင့် တမင်သက်သက် သူ့ဘဝကြီး ခက်ခဲအောင် လုပ်နေလဲတော့ သူနားမလည်။ အဲ့ဒါထက် နားနေခန်းမှာ မြင်‌ခဲ့ရတဲ့ပုံရိပ်။

" ကျစ် ~~ "

တကယ်ကို ဟန်မဆောင်နိုင်တော့သည်မို့ စိတ်ပျက်အားလျော့စွာ မျက်ရည်တွေ စီးကျလာရသည်။

ဒါလေး မြင်ရတာကိုတောင် ဒီလောက်နာကျင်နေရတာ ကိုကို့ချစ်သူအတွက် ကိုကိုသာ သူ့ကို ကွာရှင်းပေးဖို့ ပြောလာရင် သူ ဘယ်လို ရင်ဆိုင်ရမလဲ ... အတူတူနေတဲ့အချိန်က မကြာသေးပေမယ့် ကွာရှင်းဖို့‌ပြောလာရင် ဘယ်လိုအင်အားနဲ့ သူ ရင်ဆိုင်ရမလဲ ... ။ ကိုကို့ကို သူတကယ် လက်လွှတ်နိုင်မှာမဟုတ်။  ကိုကို သူ့ကို မချစ်တော့ရင်တောင် ခြေထောက်ဖက်ရဖက်ရ သူ ကိုကို့ကို အတတ်နိုင်ဆုံးဆွဲထားချင်သည်။

Me, Myself & Bad Romance【Completed】 Where stories live. Discover now