⟨ Unicode Version ⟩
* Me, Myself And Bad Romance*
အပိုင်း ၁၅အေးစိမ့်နေတဲ့ ခန်းမကြီးအလယ်မှာ သူတစ်ယောက်တည်း ရပ်နေမိသည်။ Private ဆန်ဆန် ကျင်းပနေတဲ့ ဒီခန်းမကြီးဟာ အတောက်ပဆုံး အဖြူရောင်တွေနဲ့ စီခြယ်ထားတာဆိုပေမယ့် သူ စိတ်လှုပ်ရှားနေမိသည်။ ဒါ သူ့အတွက် ဒုတိယအကြိမ် လက်ထပ်ခြင်းပါပဲ။
ကိုကို့ဘက်က မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေသာ ရှိပြီး သူ့ဘက်ကတော့ မိသားစုဝင်ရယ်ဆိုလို့ တစ်ယောက်မှ မရှိ။ ခူရိုတို့မိသားစုကိုလည်း ရုတ်တရက်ဖြစ်သွားခဲ့တဲ့ ဒီလက်ထပ်ပွဲကြီးကို သူ အသိပေးရုံလောက်ပဲ တတ်နိုင်ခဲ့ပါသည်။ ကိုကို့ဖေဖေနဲ့ တီတီကတော့ ခန်းမရဲ့ အရှေ့ဆုံးမှာ အပြုံးတွေနဲ့ နေရာယူနေပေမယ့် ကိုကို့ဘွားဘွားနဲ့ဘိုးဘိုးကတော့ သိပ်ကြည်နေပုံမရ။ ငယ်ငယ်က ကိုကို့အိမ်မှာ ကြီးပြင်းလာတယ်ဆိုပေမယ့် ကိုကို့ဘိုးဘွားတွေကို အခုမှ သူ မြင်ဖူးခြင်းဖြစ်သည်။
ပထမအကြိမ်တုန်းက ခူရိုနဲ့ဟန်ဆောင်လက်ထပ်ခဲ့ရလို့ ထွေထွေထူးထူးမခံစားရပေမယ့် အခုတစ်ကြိမ်တော့ ထူးထူးဆန်းဆန်း သူ တုန်လှုပ်လှိုက်ဖိုမိသည်။ အဲ့ဒီ့တုန်းက မင်္ဂလာတေးဆိုပေးခဲ့တဲ့ ကိုကို့ရဲ့အသံကြောင့် သူ နာကျင်ခဲ့ရတာကိုလည်း မမေ့နိုင်သေး။ အခုတော့ ဦးဦး စီစဉ်ထားတဲ့အတိုင်း တစ်ဖက်လျှောက်လှမ်းက ကိုကို ထွက်လာပြီး သူနဲ့တူတူ ကတိကဝတ်ပြုကြရမှာဆိုပေမယ့် အခုတော့ rehearsal ကထက် အချိန်အနည်းငယ် ကြန့်ကြာနေသလိုပင်။
ကိုကို သူ့ကို မုန်းလွန်းလို့ ဒီအတိုင်း တစ်ယောက်တည်း ပစ်သွားမှာတော့ မဟုတ်နိုင်ပါဘူးနော် ...
ကိုကိုနဲ့ သူ့ကြားမှာ ပြေလည်တဲ့ဆက်ဆံရေးမရှိပေမယ့် ဒီလက်ထပ်ပွဲလေးကိုတော့ ကောင်းကောင်းမွန်မွန်ပြီးဆုံးစေချင်ပါသည်။ ဖာ သာ အရှေ့မှာ သူရပ်နေမိတာ စက္ကန့်နည်းနည်းပဲ ရှိသေးတယ် ဆိုပေမယ့် သူကတော့ အချိန်တွေ တော်တော်ကြာနေပြီလို့ ခံစားနေမိသည်။ ကိုကို့ကိုလည်း သူ အရမ်းတွေ့ချင်နေပြီဖြစ်သည်။ ဘယ်လိုပဲ မကောင်းတဲ့ဆက်ဆံရေးရှိနေပါစေ ... ကိုကို့ကို သူ ချစ်တဲ့အတွက် ဒီနေ့ကို သူ့ဘဝရဲ့ အလှပဆုံးအခိုက်အတန့်လေးတော့ ဖြစ်စေချင်ပါသည်။
YOU ARE READING
Me, Myself & Bad Romance【Completed】
Fanfic" For me , all i need is me, myself and Jungkook. " - Kim Seok Jin • This is a Jinkook Story •