【11】

944 158 33
                                    

⟨ Unicode Version ⟩
Me, Myself & Bad Romance
• အပိုင်း ၁၁ •

// “ ... Idol ဖြစ်သူ ဂျင်ဟာ ဒီလကုန်ပိုင်းမှာ စစ်မှုထမ်းတော့မယ်လို့ သိရှိရပါတယ် ... ဒီနောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်ရှိသွားဦးမှာဖြစ်ပြီး BTSအဖွဲ့ဝင် J-Hopeနဲ့ ပြုလုပ်ထားခဲ့တဲ့  Collaborationကိုတော့ ကြေညာထားတဲ့ ရက်အတိုင်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ် ..." //

တီဗွီကလာနေတဲ့သတင်းကြောင့် ပေါင်မုန့်ပေါ် စတော်ဘယ်ရီယိုလေးသုတ်နေတဲ့သူ့လက်တွေရပ်တန့်သွားသည်။ အဲ့ဒီ့နောက် တီဗွီစကရင်ထက်မကြည့်မိဘဲ သက်ပြင်းယဲ့ယဲ့ချကာ လုပ်လက်စအလုပ်ကို လက်စသတ်လိုက်မိသည်။ ပြီးပြည့်စုံသွားတဲ့ ပေါင်မုန့်ယိုသုတ်ကိုတော့ အရှေ့မှာ ရှိနေတဲ့ ခူရို့ဆီပေးမိတော့ ခူရိုက သူ့ကို ကြည့်လာသည်။

" ... တကယ်အဆင်ပြေလို့လား ဂျောင်ဂု ... "

" အင်း ... "

" လိမ်နေတာပဲ ..."

" သိနေရင်လည်း ဘာလို့မေးနေသေးလဲ "

ခူရို့စကားကိုတုန့်ပြန်ရင်း သူအတွက် သူပြင်ဆင်ထားမိတဲ့ ပေါင်မုန့်ယိုသုတ်ကို တစ်ကိုက်ကိုက်လိုက်မိသည်။

" .. တကယ်ပဲ အိုပါးကို မပြောပြတော့ဘူးလား ... မရှင်းပြတော့ဘူးလား ... ဒီလိုနဲ့ နင်ချစ်တဲ့သူကို နင်လက်လွှတ်လိုက်တော့မှာလား ..  နင်ကိုယ်တိုင်လည်း မြင်လိုက်ရတာပဲ မဟုတ်လား ... ငါတို့လက်ထပ်တုန်းက အိုပါးရဲ့အကြည့်တွေကို ... အကြည့်နဲ့တင် ဘယ်လောက်ချစ်လဲဆိုတာ သိသာနေတာကို ... ဘာဖြစ်လို့ နင်က ဒီလောက်ခေါင်းမာရတာလဲ .. ငါသာဆို ခြေထောက်ပဲရရ , ခေါင်းပဲရရ, ဘာပဲရရ ဆွဲထားမှာ ..."

ဒီတစ်ခါတော့ သူ သက်ပြင်းချလိုက်မိသည်။

" ... ဟင်အင်း နင်မှားနေပြီ ... ကိုကိုက ငါ့ကိုမုန်းနေတာ ... "

" ... ဂျောင်ဂုရား ~~ ငါ ရှင်းပြပေးလိုက်ရမလား ... အိုပါး နင့်ကို အထင်မလွဲဖို့အတွက် ငါဘာလုပ်ပေးရမလဲ ... အိုပါးကို နင်လမ်းခွဲပြီးကတည်းက နင့်ဆီမှာ ပျော်ရွှင်မှုတွေ မရှိတော့တာ နင်သိလား ... နင်မသိပေမယ့် ဘေးလူဖြစ်တဲ့ငါကတော့ အမြဲမြင်နေခဲ့ရတာ ... နင်သာ ဆန္ဒရှိမယ်ဆိုရင် ငါ အိုပါးကို အစအဆုံးရှင်းပြပေးမယ် ... "

Me, Myself & Bad Romance【Completed】 Where stories live. Discover now