【04】

1.4K 170 57
                                    

⟨ Unicode Version ⟩
Me, Myself & Bad Romance
- အပိုင်း ၀၄-

ကွန်ဒိုရှေ့ရောက်တာနဲ့ ဆော့ဂျင်သက်ပြင်းချရင်း စိတ်တိုနေတာကို ဖြေလျော့မိသည်။ အချိန်ကတော့ တစ်နာရီ ထိုးတော့မယ်ဆိုပေမယ့် ဂျောင်ဂုလေး သူ့ကို စောင့်နေခဲ့ရင် စိတ်တိုရမယ့် အကြောင်းတွေ ပြန်မပြောချင်။ 

ဆော့ဂျင် အတတ်နိုင်ဆုံးပြုံးလိုက်ပြီး အိမ်ထဲဝင်သွားမိသည်။ အိမ်ထဲရောက်တာနဲ့ အေးချမ်းတိတ်ဆိတ်ပြီး ညအိပ်မီးပြာပြာလေး ခပ်လွင်လွင်တောက်ပနေသည်။ အရမ်းကို အသံတိတ်နေတာမို့ ဂျောင်ဂုလေး အိပ်ပျော်သွားတာများလား ...။

သူခြေဖျားထောက်ကာ လျှောက်လာရင်း ဧည့်ခန်းရောက်တော့ ပျော်ရွှင်စရာမြင်ကွင်းလေးကို မြင်လိုက်ရသည်။ ကိတ်မုန့်လေးရယ် ... နှင်းဆီပန်းလေးတွေရယ် ... ဝိုင်တစ်ခွက်ရယ် ... နို့တစ်ခွက်ရယ် ... သေချာပြင်ဆင်ထားပုံရတဲ့ ဒီပုံရိပ်လေးက ဂျောင်ဂုကို ပိုတိုးလို့ ချစ်လာစေသည်။ အလုပ်တွေရှုပ်နေလွန်းလို့  သေချာဂရုမစိုက်ပေးနိုင်တာတောင် ကောင်ငယ်လေးဟာ သူ့အတွက် သေချာပြင်ဆင်ထားပေးခဲ့သည်ပဲ။

ဆော့ဂျင် အဆင်မပြေဖြစ်လာတဲ့အကြောင်းအရာတွေကိုတောင် မေ့ပြီး ရင်ထဲကြည်နူးမှုလှိုင်းလေးတွေ ဖြတ်သန်းစီးဆင်းသွားရတော့သည်။ သူ ဂျောင်ဂုကို မတွေ့တာမို့ ရှာကြည့်မိတော့ ပြင်ဆင်ထားတဲ့စားပွဲရဲ့ဘေးဘက်ဆိုဖာမှာ ကွေးကွေးလေးအိပ်ပျော်နေတာကို မြင်လိုက်ရသည်။

ဘယ်လောက်တောင် စောင့်ခဲ့ရလို့ အခုလို အိပ်မောကျသွားတယ် သူမသိ။ ဂျောင်ဂုနဲ့စကားတွေ အများကြီးပြောချင်ပေမယ့်လည်း အိပ်ပျော်နေတဲ့ဂျောင်ဂုကို မနှိုးရက်။ ထို့ကြောင့် ဂျောင်ဂုပြင်ဆင်ထားပေးတဲ့ ကိတ်မုန့်အလယ်မှာ ဖယောင်းတိုင်အသေးလေး စိုက်ထွန်းရင်း ဝိုင်ခွက်နဲ့ နို့ခွက်ကို အသီးသီးဖြည့်လိုက်သည်။ ဂျောင်ဂုကတော့ အိပ်မောကျနေတာမို့လို့ နိုးမလာခဲ့ပါ။

သူ ဂျောင်ဂုနဲ့မျက်နှာချင်းဆိုင်ဆိုဖာအောက်မှာ ထိုင်ရင်း အိပ်ပျော်နေတဲ့ဂျောင်ဂုရော .. သူရော ... မွေးနေ့ကိတ်ရော ... ဝိုင်ခွက်နဲ့နို့ခွက်တွေကိုပါ ပါအောင် ဓာတ်ပုံလေးရိုက်လိုက်မိသည်။ အဲ့ဒီ့နောက် ဖယောင်းတိုင်အသေးလေးကို သူတစ်ယောက်တည်း ငြိမ်းစေလိုက်သည်။

Me, Myself & Bad Romance【Completed】 Where stories live. Discover now