【13】

1.1K 164 27
                                    

⟨ Unicode Version ⟩

Note : ဤအပိုင်းတွင်ပါဝင်သော ဆေးပညာဆိုင်ရာအချက်အလက်များသည် စာရေးသူ၏ စိတ်ကူးသာ ဖြစ်ပါသည်။

• Me, Myself & Bad Romance •
• အပိုင်း ၁၃ •

သုံးနှစ်ကြာပြီးနောက် ...

“ ... ပြောရမယ်ဆိုရင် ... မင်း လိင်ဆက်ဆံဖို့ လိုအပ်တယ် ... အဲ့ဒါမှ ဟော်မုန်းအပြောင်းအလဲ ဖြစ်ပြီး အခုလို နာကျင်တာတွေ မဖြစ်မှာ ~~ ဖြစ်နိုင်ရင် ဒီနေ့ နားဖို့ အကြံပေးချင်တယ် ~~ ဆေးစာရေးပေးပါ့မယ် နားလိုက်ပါ ... ”

ဆရာဝန်စကားအဆုံး သူ မျက်မှောင်ကြုတ်ရင်း သက်ပြင်းချလိုက်မိသည်။ ခဏခဏ ဗိုက်အောင့်ပြီး မေ့လဲတဲ့အထိ ဖြစ်နေတာမို့ သူ ဒီလိုတွေ အမြဲစစ်ရပေမယ့် အခုလောက်ထိ ဆိုးနေမယ် မထင်ထား။ တစ်ရာမှာ တစ်ယောက်ပဲမို့ အခြားသူတွေက သူ့အခြေအနေကို နားလည်နိုင်မှာမဟုတ်။ သူတောင် စစသိချင်း တော်တော်လေးရှော့ခ်ရသွားသည်လေ။

" ဟိုလေ ... ဒီထက်ပိုပြင်းတဲ့ ဆေးပေးလို့မရဘူးလား ... ကျွန်တော့်အလုပ်က နားလို့မဖြစ်လို့ပါ..."

သူ့စကားကိုတော့ ဆရာဝန်က ခက်လိုက်လေခြင်း ပုံစံနဲ့ ပြန်ကြည့်သည်။

" ... ဂျောင်ဂုရှီ ... ကောင်လေးရှိလား ... ဒါမှမဟုတ် ကောင်မလေးရှိလား ... ဆရာ ပြောတဲ့အတိုင်း s*xသာလုပ်မယ်ဆိုရင် အဲ့ဒီ့ဆေးတွေ သောက်ဖို့ မလိုတော့ပါဘူး ..."

ထပ်ပြောလာလေတော့ သူ မျက်နှာမဲ့လိုက်မိသည်။

" ... ကြည့်ရတာ ရှိနေပုံမပေါ်ဘူး ... ဒီလိုလုပ်လို့မဖြစ်တာသိပေမယ့် ကတ်လေးပေးလိုက်မယ် ... တစ်ယောက်ယောက်ရှာလိုက်ပါ ...  ဒါပေမဲ့လည်း သတိထားရမှာက s*xကိစ္စက အလွန်အကျွံတော့ မရဘူးနော် ... တစ်ခါတည်းနဲ့ ကိုယ်ဝန်ရနိုင်တာလည်း သတိထားရမယ်နော် .."

ပြောပြောဆိုဆို သူ့ကို ONS တွေရှိမယ့် လိပ်စာတစ်ခုပေးလာလေတော့ သူ ချီတုံချတုံယူထားလိုက်မိသည်။ သူ့လောက်အလုပ်ရှုပ်တာ သူပဲရှိတာမို့ သွားဖြစ်မှာတော့မဟုတ်၊ အလုပ်မရှုပ်ရင်လည်း  သူသွားမှာ မဟုတ်။ တစ်ယောက်ယောက်နဲ့ ပတ်သက်ရမယ်ဆိုတာ သူ့အတွက်တော့ မသက်ဆိုင်သလိုပင်။

Me, Myself & Bad Romance【Completed】 Where stories live. Discover now