The Magnolia Story
"တိတ်စမ်းး"
အမျက်တော်ကြောင့်ကျားဟိန်းသံပမာမြည်ဟီးသွားတဲ့အရှင်နမ်ဂျွန်းရဲ့အမိန့်သံနှင့်အတူအပ်ကျသံမကြားတိတ်ဆိတ်သွားသောညီလာခံ။
ကြင်ယာတော်တင်မြှောက်ပွဲအတွက်စီစဥ်မှာကြားနေစဥ်အရှင်နမ်ဂျွန်းမျက်နှာသည်ကြည်လင်နေခဲ့သည်။ကိုယ်မြတ်နိုးရသူကိုလက်ဆက်ဖို့ဘယ်သူကမပျော်ဘဲရှိပါလိမ့်မလဲ။သို့သော်အရှင်နမ်ဂျွန်းရဲ့စိတ်ကြည်လင်နေမှုသည်ကြာရှည်မခံလိုက်ပါ။
"အရှင် အခုတိုင်းသူပြည်သားတွေဟာ တိုင်းပြည်အတွက်မျိုးဆက်မချန်ထားပေးနိုင်တဲ့သူကိုကြင်ယာတော်တင်မြှောက်မယ့်အရေးကိုကန့်ကွက်နေကြပါတယ် အရှင်"
"မှန်ပါ အရှင် ပြည်သူတွေရဲ့စိုးရိန်မှုတွေလျော့ပါးလေအောင် နန်းရင်သွေးဖွားမြင်ပေးနိုင်မယ့် ကြင်ယာတော်ကိုပါတစ်ခါတည်းမိဖုရားမြှောက်စေချင်ပါတယ်"
"အဲ့အတွက်တော့စိတ်မပူကြပါနဲ့ အမတ်မင်းတို့ ထီးနန်းအတွက်ကကိုယ်တော့်သွေးသားမျိုးဆက်မဟုတ်လဲညီတော်ဆွန်းဟိုတစ်ယောက်လုံးရှိနေတာပဲ"
တိုင်းရေးပြည်ရာကိုစိတ်မဝင်စားသော်လည်းအစ်ကိုတော်ကြောင့်သာညီလာခံကိုတက်ရောက်နေသောဆွန်းဟိုတစ်ယောက်၀မ်းသာအားရမဖုံးဖိနိုင်အောင်ပြုံးမိသွားသည်။ကြည့်ပါလား ဘုရင်တစ်ပါးဖြစ်ဖို့ဘာများခက်လို့လဲ။ဘုရင်တို့တတ်အပ်တဲ့ပညာရပ်တွေဘေးချိတ်စမ်းပါ။အစ်ကိုတော်သဘောကျအောင်နေရုံတင်လုံလောက်ပြီကို။
ကြင်ယာတော်တင်မြှောက်ရေးအတွက်ပညာရှိအမတ်တွေနဲ့အတိုင်ပင်ခံအမတ်တွေကအရှင်နမ်ဂျွန်းကိုမပြော၀ံ့လို့သာကြိတ်မှိတ်ခေါင်းညိတ်နေသည့်ပုံပင်။အမျိုးသားကိုယ်လုပ်တော်ထားသည့်အရေးတွေကရှေးဘုရင်ခေတ်ကတည်းကရှိခဲ့သော်ငြားလည်းအခုလိုကြင်ယာတော်လိုရာထူးထိပေးအပ်လေ့မရှိခဲ့တာကြောင့် အမတ်များလဲသဘောမတွေ့ပေ။
ဘုရင်ကိုယ်တိုင်မြတ်နိုးလို့တော်ကောက်ထားသောကြင်ယာတော်ကိုလဲတစ်စုံတစ်ရာအကြောင်းပြကာပယ်ချဖို့ရာလဲအရဲမကိုးချင်ပါ။