The Magnolia Story
ဂယောဘို့နန်းတော်အနောက်ဘက်ဥယျာဉ်တော်မှာနှစ်ပေါင်းရာချီမပွင့်ခဲ့တဲ့စံကားပင်တွေဒီနှစ်မှဖူးပွင့်တဲ့သတင်းသည်တောင်ကိုရီးယားနိုင်ငံတစ်ခုလုံးကိုလှုပ်ခတ်သွားစေသည်။ စံကားပန်းမျိုးစိတ်ပေါင်းများစွာတစ်နေရာတည်းစုဝေးလျက်ရှိသောနေရာမို့ဂယောဘို့နန်းတော်သည်ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်သောနေရာ။ဒီထပ်ပိုထူးခြားသည်မှာဘယ်ရာသီဥတုပင်ဖြစ်စေဂယောဘို့နန်းတော်မှစံကားပန်းတွေကပွင့်လန်းခြင်းမရှိ။ပန်းမပွင့်ပေမယ့်အပင်တွေကတော့နှစ်ပေါင်းများစွာရှင်သန်နေခြင်းအကြောင်းပြချက်မှာစိတ်ဝင်စားဖွယ်ပါးစပ်ရာဇဝင်လေးတစ်ခုအဖြစ်ရှိနေသည်။
ခရီးသွားရာသီမဟုတ်ပေမယ့်ဂယောဘို့နန်းတော်တစ်ခုလုံးလူတွေပြည့်နှက်နေသည်။သေချာပေါက်နှစ်ပေါင်းများစွာကြာပြီးမှပန်းပွင့်ပွင့်လာတဲ့သတင်းကြောင့်ပင်။ထယ်ယောင်းလဲမနက်စောစောCameraလေးလွယ်ကာသတင်းယူရန်နန်းတော်သို့ရောက်လာခဲ့သည်။
လေးနာရီလောက်သာသွားရတဲ့ခရီးပေမယ့်မရောက်ဖြစ်ခဲ့တဲ့ဒေါ့ဆူနန်းတော်။ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်ပေမယ့်ရင်းနှီးနေသလိုခံစားနေရသည်။ကနဦးရည်ရွယ်ချက်သတင်းယူဖို့ကိုမေ့လျော့သွားလောက်အောင်စံကားပင်တောကြီးကညှို့ယူလိုက်သလိုပင်ထယ်ယောင်းပုံတစ်ပုံမှရိုက်ကူးရခြင်းမရှိသေးပေ။
နန်းတော်အနောက်ဘက်ဥယျာဉ်ထဲဝင်လိုက်တာနဲ့ပန်းရနံ့တွေကလန်းဆန်းစွာ နွေးထွေးစွာဆီးကြိုပွေ့ဖက်လိုက်လေသည်။ ဂယောဘို့နန်းတော်ဥယျာဉ်ရဲ့ထူးခြားချက်ကတော့စံကားပန်းမျိုးစိတ်တစ်ခုတည်းသာရှိခြင်းသာ။ထောင်ပေါင်းများစွာသောစံကားပင်တွေကိုရေတွက်ဖို့ကြိုးစားမိသည်။
ဆယ်ပင်၊အပင်နှစ်ဆယ်...နှစ်ဆယ့်ငါးပင် ပြီးတော့ဟိုးရှေးတည့်တည့်ကာအပင်တွေ၊လယ်ယာဘက်ကအပင်တွေ...။..အင်း... ကျွန်တော်တစ်ယောက်တည်းတစ်ပတ်လောက်ရေတွက်ရင်တောင်မပြီးလောက်ဘူး။
"ဂယောဘို့အရှင်ကသူဘုရင်ဖြစ်ကတည်းကဥယျာဉ်တော်တစ်ခုလုံးကိုစံကားပင်တွေသာစိုက်ပျိုးစေတယ် မျိုးစိတ်ပေါင်းစုံ အဆင်းအနံ့ပေါင်းစုံနေအောင်စိုက်ပျိုးစေပြီးရှေးစာတမ်းတွေအရသူကိုယ်တိုင်စိုက်ခဲ့တဲ့အပင်တွေတောင်ပါတယ်တဲ့"