The Magnolia Story
ထယ်ယောင်းတစ်ယောက်မနက်အစောကြီးထကာအနောက်ဘက်တောအုပ်ထဲကအဖေနဲ့သူစိုက်ခဲ့တဲ့စံကားပင်တောထဲထွက်လာခဲ့သည်။တောထဲရောက်တော့ဒီနေ့မှထူးထူးခြားခြားပွင့်ဦးစ စံကားပန်းပွင့်လေးတွေအစီအရီ။သူငယ်ငယ်တုန်းကတည်းကအဖေစိုက်ပျိုးခဲ့ပြီးနောက်ပထမဆုံးပွင့်တဲ့အပွင့်မို့အဆင်းသဏ္ဌာန်ကိုအခုမှမြင်ဖူးသည်။ပွင့်ချပ်ခြောက်ချပ်လောက်စုထောင်လျက်ရှိပြီးအလယ်ဝတ်ဆံနေရာတွင်ဝါကျင့်ကျင့်ကလေးအဆင်းရှိသည်။စံကားပန်းမျိုးနွယ်တစ်ခုမှန်းသိပေမယ့်နာမည်တော့သေချာမခေါ်တတ်ပေ။
နှာခေါင်းနားကပ်ကာနမ်းကြည့်ဖို့စိတ်ကူးပေမယ့်မနမ်းကြည့်မိလိုက်။ဒီပန်းတွေနဲ့တပ်မင်းကြီးကိုကြိုဆိုမှာမို့ထယ်ယောင်းကြိုမနမ်းရှိုက်ချင်ပေ။သို့သော်ခူးဆွတ်နေစဉ်မှာပင်ရနေတဲ့ရနံ့သင်းသင်းကပင်စိတ်ကိုလန်းဆန်းကြည်နူးစေသည်။
ခူးယူလာတဲ့စံကားပန်းပွင့်တွေကိုလန်းဆန်းနေအောင်ရေဖလားထဲထည့်ကာရေစိမ်ထားလိုက်သည်။ထို့နောက်အိမ်မှာရှိသောအကောင်းဆုံးဝတ်စုံကိုယူကာဝတ်ဆင်လိုက်သည်။အကောင်းဆုံးဝတ်စုံဆိုပေမယ့်အရောင်ကဘာရောင်မှန်းပြောမရအောင်ပင်ခပ်နွမ်းနွမ်းဖြစ်နေလေပြီ။လူကောင်ကအရမ်းမထွားလာလို့သာဝတ်လို့ရနေခြင်းသာ။
"ထယ်ယောင်းရေ ထယ်ယောင်း"
"ဝေ ဝင်လာခဲ့လေ ဂျီမင်"
ထယ်ယောင်းတစ်ဦးတည်းနေထိုင်ရာတဲလေးထဲကိုဂျီမင်ကခေါင်းလေးငုံ့ပြီးဝင်လာပြီးနောက်
"မပြီးသေးဘူးလား ထယ်ယောင်းရ သူများတွေတောင်သွားကုန်ကြပြီ"
"အေး ပြီးပါပြီကွာ"
ဒေါ့ဆူပြည်နယ်အတွက်ရန်သူ့ရန်မှရွံ့ရွံ့ချွန်ချွန်တိုက်ပွဲဝင်၍စစ်အောင်လာကြတဲ့စစ်သူကြီးတပ်မှုးနှင့်တကွစစ်သည်တို့ကိုကြိုဆိုကြရမှာမို့ထယ်ယောင်းရောဂျီမင်ရောစိတ်လှုပ်ရှားနေကြသည်။မနက်စောစောကခူးလာတဲ့ပန်းပွင့်တွေကိုပုဝါပါးလေးနဲ့ထုတ်ကာခပ်သွက်သွက်ထွက်လာခဲ့ကြသည်။