The Magnolia Story
ဂျီမင်တို့စထွက်လာတုန်းကတော့စကားတွေတတွတ်တွတ်တရစပ်ပြောလာပေမယ့်ကွမ်းတရာညှပ်ခန့်ကြာတော့ဟိုဆော့ရင်ဘတ်ကိုခေါင်းမှီကာအိပ်ငိုက်ကာလိုက်ပါလာခဲ့သည်။ပြုတ်ကျလိမ့်မယ်၊အိပ်မငိုက်ပါနဲ့ပြောတော့ ဒီလူကြီးမင်းလေးကအစ်ကိုဟိုဆော့ထိန်းထားပေးပေါ့တဲ့လေ။တကယ့်မလွယ်ကြောလေး။
ဟိုဆော့ခမျာမြင်းကိုမြန်မြန်လဲမမောင်းရဲ၊ဖြည်းဖြည်းသာထိန်းစီးလာရတာမို့နောက်မှာအဝေးကြီးပြတ်ကျန်ခဲ့တော့သည်။အလာတုန်းကလိုမြင်းကိုအမြန်နှင်လို့လဲမရ၊နှစ်ယောက်လဲစီးလာတာကြောင့်တရွေ့ချင်းသာသွားနေရသည်။
"အသေးလေး အသေးလေး ခဏထဦး"
"ဟင် ဘာဖြစ်လို့လဲ အစ်ကိုဟိုဆော့"
"ခဏဆင်းမှဖြစ်မယ်ထင်တယ် မြင်းကဘာဖြစ်တယ်မသိဘူး"
မြင်းရဲ့ရှေ့ခြေမှာထော့နင်းထော့နင်းဖြစ်လာတာသတိထားမိတဲ့ဟိုဆော့ကခဏရပ်ကဆင်းကြည့်တဲ့အခါ မြင်းရှေ့ခြေမှာအနည်းငယ်ယောင်ယမ်းနေသည်။ကြည့်ရတာလမ်းခရီးအစူးတစ်ခုခုဖြင့်ထိုးမိဆူးမိတာကိုမသိလိုက်ဘဲတောက်လျှောက်ခိုင်းထားတာကြောင့်သွေးကျယောင်ယမ်းလာပုံပင်။
"မြင်းကိုခဏအနားပေးမှဖြစ်မယ် အသေးလေးရ ဒီတိုင်းဆက်သွားရင်ပိုဆိုးသွားမှာ"
"ဟုတ်လား အဲ့ဒါဆိုလဲနားရမှာပေါ့"
ပတ်ပတ်လည်သစ်ပင်ကြီးသာဝိုင်းနေကာလူသူရယ်လို့မရှိတဲ့နေရာမို့ဟိုဆော့အနည်းငယ်စိတ်လေးနေပေမယ့်ဂျီမင်ကတော့သစ်ရွက်ခြောက်တွေကြားမှာသူ့ဖိနပ်လေးကိုခုလို့ထိုင်နေချေပြီ။မြင်းကိုသစ်ငုတ်တစ်ခုမှချည်ထားပြီးစိတ်ညစ်ညစ်နဲ့သူ့ဘေးသွားထိုင်တော့ အသေးလေးမှာသူ့ခါးမှာချည်ထားတဲ့ရှုံကြိုးအိတ်လေးထဲကပျားရည်စမ်းမုန့်ကြွပ်တွေတောင်ထုတ်စားနေလိုက်သေးသည်။
"အစ်ကိုဟိုဆော့ စားဦးမလား"
"ကိုယ့်ဟာကိုသာဝအောင်စားပါ အသေးလေးရာ စိတ်ညစ်ရတဲ့အထဲ"
ဟိုဆော့မှာသက်ပြင်းချကာဘေးဘီကိုတောင်ကြည့်မြောက်ကြည့်လုပ်နေတော့ဂျီမင်လဲသိချင်လာတာကြောင့်