The Magnolia Story
ထောင်ပေါင်းများစွာသော စံကားပင်တောထဲတွင် တစ်ယောက်တည်းရပ်နေသော ဂျောင်ကု။ တစ်နည်းအားဖြင့် ဂယောဘို့ရဲ့အရှင် ဂျောင်ကု။ အစ်ကိုဟိုဆော့နှင့်တပ်သားတွေရဲ့အင်အားဖြင့်ဂယောဘို့ရဲ့ဘုရင်ကိုဖြုတ်ချနိုင်ခဲ့ပြီး နန်းတက်ခဲ့သည့် နေ့ကကိုယ်တိုင်စိုက်ပျိုးထားခဲ့တဲ့ပထမဆုံးစံကားပင်လေးသည်အပွင့်ပွင့်ရန်အားယူနေဟန်အငုံအဖူးတွေပင်တွေစီရရီဖြစ်နေလေပြီ။
သုံးနှစ်ဆိုသည့်အချိန်သည်လူတစ်ယောက်ကိုကောင်းကောင်းပြောင်းလဲနိုင်သည်ဟုဆိုရပေမည်။ ဒေါ့ဆူပြည်ကနေအပြစ်သားလို ပြည်နှင်ပေးခံရသူက အခုချိန်တွင်ဘုရင်တစ်ပါးပင်ဖြစ်လာခဲ့သည်လေ။ ဂယောဘို့ဘုရင်အဖြစ်နန်းတက်ခဲ့ပြီးနောက် အဖက်ဖက်ကယို့ယွင်းပျက်စီးနေသောတိုင်းပြည်ကိုကောင်းစွာလည်ပတ်လာနိုင်စေရန်အချိန်ယူ ကြိုးစားခဲ့ရသည်။ ခံတပ်မြို့ရိုးတွေအခိုင်အမာတည်ဆောက်စေပြီး စစ်သည်အင်အားလဲတောင့်တင်းအောင်စီမံခဲ့သည်။
၃နှစ်၃မိုးလုံးစီစဉ်ခဲ့ရသောကိစ္စကြီးသည်မကြာခင်မှာပင်အကောင်အထည်ပေါ်တော့မည်မို့ဂျောင်ကုအားရဝမ်းသာစွာပြုံးနေမိသည်။ သည်းညှာအတွက်ရည်ရွယ်ပြီး စိုက်ပျိုးခဲ့သောစံကားပင်တွေလဲ မကြာမီပင်အပွင့်လေးတွေပွင့်တော့မှာမို့ သူတို့ရဲ့စံကားပန်းသခင်လေးကိုမျှော်လင့်စောင့်ကြိုနေကြသလိုပင်။
"ဂျောင်ကု"
"ဪ..အစ်ကိုဟိုဆော့"
ဥယျာဉ်တော်ထဲထိလိုက်လာသောအစ်ကိုဟိုဆော့မှာ အရေးတကြီးမှာကြားချင်နေမှန်းခန့်မှန်းမိသည်။ တစ်ခုခုကိုစိတ်ပူနေဟန်ဖြင့်မျက်နှာမှာဝေခွဲမရဖြစ်နေသယောင်။
"ငါပြောစရာရှိလို့ ဂျောင်ကု"
"ပြောပါ အစ်ကိုဟိုဆော့"
ဟိုဆော့မှာပြောသင့် မပြောသင့်တွေဝေနေပြီးမှာသက်ပြင်းတစ်ချက်ချကာ
"ဒေါ့ဆူကိုရာဇသံလဲပို့ပြီးပြီဆိုတော့ အရှင်နမ်ဂျွန်းလဲသိပြီးလောက်ရောပေါ့ မှာချင်တာတစ်ခုပါပဲ မင်း အရှင်နမ်ဂျွန်းကိုတော့အသက်အန္တရာယ်မပြုပါနဲ့"
![](https://img.wattpad.com/cover/318754104-288-k64141.jpg)