The Magnolia Story
"အရမ်းနောက်ကျနေခဲ့တာသိပေမယ့် ကိုယ်တော်မင်းကိုသိပ်ချစ်တယ် ကိုယ်တော့်ကိုချစ်နေသေးတယ်မဟုတ်လား ဂျင်လေး"
အရှင့်စကားတွေကြောင့်ဆော့ဂျင်ရဲ့ပါးအို့လေးတွေ နီမြန်းသွားကာရင်ထဲမှာတလှပ်လှပ်ဝေဒနာငယ်လေးခံစားလိုက်ရသည်။ အရှင့်ရင်ခွင်ထဲရောက်နေတာကြောင့်အရှင့်ရင်ခုန်သံတွေပါအတိုင်းသားကြားနိုင်တာမို့ မျက်ရည်တွေလဲ့လာမိသည်။ ကျွန်တော့်အချစ်တွေကိုမြင်ပေးရုံနဲ့ကျေနပ်ခဲ့ပေမယ့်အခုလိုအရှင်ကပြန်ချစ်လာဖို့မမျှော်လင့်ရဲခဲ့တာတော့အမှန်ပါ။
"ဂျင်လေး တစ်ခုခုပြောပါဦး ကိုယ်တော့်ကိုမချစ်တော့ဘူးလားဟင်"
"အရှင့်ကိုမချစ်ဘဲတစ်ရက်တောင်မနေခဲ့ဖူးပါဘူး"
"ဝမ်းသာလိုက်တာ ဂျင်လေးရယ် ကိုယ်တော်မင်းအချစ်တွေကိုအခုမှနားလည်ခဲ့လို့တောင်းပန်ပါတယ် အများကြီးနောက်ကျခဲ့တာမို့ အများကြီးပြန်ချစ်ပေးပါ့မယ်"
"ကျွန်တော့်ကိုပြန်ချစ်ပေးတာနဲ့တင်လုံလောက်ပါပြီ အရှင်"
ပါးချိုင့်နက်နက်တွေထင်းနေအောင်ပြုံးနေတဲ့အရှင့်မျက်နှာကိုတစ်ဝကြီးမော့ကြည့်နေပြီးမှလက်ရှိအခြေအနေမှာအခုလိုနေလို့မဖြစ်သေးကြောင်းသတိဝင်လာတာကြောင့်ဆော့ဂျင်လည်းလောလောလတ်လတ်ချစ်သူရဲ့ရင်ခွင်ထဲကနေမချင့်မရဲရုန်းထွက်လိုက်ကာ
"အရှင် ကျွန်တော်တို့ဒီမှာမလုံခြုံသေးဘူး ဒီထက်ဝေးဝေးကိုသွားရဦးမယ်"
"အင်း ကိုယ်တော်တစ်နေရာသိထားတယ် လိုက်ခဲ့"
မြင်းပေါ်ကိုပြန်တက်လိုက်ကြပြီးတစ်နေရာကိုဦးတည်လိုက်တော့တယ်။ နဂိုနှင့်မတူချစ်ရသူရင်ခွင်ထဲကနေရင်းသွားရတာပင်ပန်းနေပေမယ့်စိတ်ချမ်းမြေ့စရာကောင်းမှန်းဆော့ဂျင်နားလည်လာသည်။ အားလုံးကိုထားခဲ့ပြီးအရှင့်မျက်နှာကိုတကမ္ဘာတည်တော့မှာမို့ အရှင်ပြောသလိုကျွန်တော့်ကိုအများကြီးချစ်ပေးပါနော်။
-------------------------------------------------
အိစက်နေတဲ့ဖဲမွေ့ယာပေါ်တွင်ထယ်ယောင်းကျုံ့ကျုံ့လေးထိုင်နေမိသည်။ဝါနုနုဝတ်ရုံလေးမှာ အဆောင်တွင်းကထွန်းညှိထားတဲ့မီးတိုင်တွေရောင်ရွှေရောင်လဲ့လဲ့လေးဖြစ်နေလေသည်။ တိတ်ဆိတ်ငြိမ်သက်နေခြင်းကိုမနေတတ်စွာဝတ်ရုံလက်နားလေးတွေကိုလုံးချေနေမိသည်။ အထိန်းတော်တွေတစ်ဦးတစ်ယောက်မှရှိမနေတာကိုအရင်ကသဘောကျခဲ့ပေမယ့်ဒီညတော့ကူကယ်မဲ့သလိုခံစားနေရပြန်သည်။