The Magnolia Story
နွေဦးရာသီမို့စံကားပန်းတော်တော်များများကအပြိုင်အဆိုင်ဖူးပွင့်နေကြသည်။စံကားတောမရောက်မီအဝေးကပင်ထုံအီမွှေးပျံ့နေသောရနံ့တို့ကဆီးကြိုတော့တယ်။မြေပြင်ပေါ်တွင်လဲစံကားပွင့်တို့ကပန်းကောဇောခင်းထားသယောင်။
ဦးတည်ရာမရှိဘဲတောင်မြောက်ဘယ်ညာတိုက်ခတ်နေသောလေရူးအဝှေ့ကြောင့်တဝဲဝဲကြွေကျလာသောစံကားပန်းဝါဝါလေးကိုလေထဲမှာပင်ဂျောင်ကုအမိအရဖမ်းလိုက်တယ်။ပြီးတော့ထုံးစံအတိုင်းထယ်ယောင်းရဲ့နားကြားထဲကိုပန်ပေးတော့မငြင်းပေမယ့်သိပ်တော့သဘောတွေ့ဟန်မတူ။
"အမောင့်သည်းညှာ..."
နူးနူးညံ့ညံ့နဲ့သံရှည်လေးဆွဲကာခေါ်လိုက်ပုံအရဒီစစ်သူကြီးမှာသူလိုချင်တာကိုပူဆာတော့မည်ဆိုတာထယ်ယောင်းကလဲသိနှင့်ပြီးသားပင်။
"သည်းညှာလို့"
သူခေါ်တာမထူးတော့မျက်မှောင်ကခပ်လျော့လျော့လေးကြုတ်ကာငြူစူချင်သည့်စစ်သူကြီးဂျွန်။သူခေါ်တာကျွန်တော့်နာမည်မှမဟုတ်ဘဲ ချက်ချင်း ထူးစရာလား။
"ပြောလေ စစ်သူကြီးဂျွန်"
"အမောင့်အချစ်တွေကိုဘယ်တော့မှတုံ့ပြန်မှာလဲ သည်းညှာရယ်"
"စဉ်းစားပါရစေဦး စစ်သူကြီးဂျွန်"
"လူနှစ်ယောက်ချစ်ရေးချစ်ရာပဲကို ဘယ်နှယ့်ကြောင့်နှစ်ပြည်ထောင်ချစ်ကြည်ရေးလိုအကြာကြီးစဉ်းစားနေရတာလဲ"
"စစ်သူကြီးဂျွန်ကနယ်အနှံ့သွားလာပြီးတိုင်းပြည်အမှုထမ်းနေရတာမဟုတ်လား တော်ကြာတစ်ပြည်တစ်ရွာမှာကျွန်တော်မသိတဲ့မိန်းမတွေကလေးတွေရှိနေရင်ဘယ်လိုလုပ်မလဲ"
တကယ်မဖြစ်နိုင်လောက်မှန်းသိပေမယ့်ထယ်ယောင်းကရယ်ကျဲကျဲလေးနဲ့ကျီစယ်တဲ့အခါ
"ဟောဗျာ လူကိုထင်ရက်ပါပေ့ သည်းညှာရယ် လူပျိုစစ်တာမှရေကိုမရောဘူး နောက်မှလူပျိုစစ်စစ်တစ်ယောက်ရဲ့ကြန်အင်လက္ခဏာတွေကိုသည်းညှာကိုသင်ပေးထားရမယ်"
သူ့ကိုမိန်းမရှိတယ်ထင်ရပါ့မလားဆိုတဲ့ရုပ်ဖြင့်ပေစောင်းစောင်းဖြင့်ကြည့်နေတဲ့စစ်သူကြီးဂျွန်ကိုထယ်ယောင်းခိုးရယ်မိတော့တယ်။စစ်သူကြီးဂျွန်ရဲ့ဒီလိုချစ်စရာကောင်းတဲ့ဘက်ခြမ်းကိုမြင်တွေ့ခွင့်ရတဲ့သူကဘယ်လောက်တောင်ကံကောင်းလိုက်သလဲ။
![](https://img.wattpad.com/cover/318754104-288-k64141.jpg)