The Magnolia story
ရှေ့တွင်ငြိမ်ဝပ်ကာအရိုအသေပေးနေကြသောမှူးမတ်များ၊ပညာရှိအမတ်များ။ ခပ်လှမ်းလှမ်းနေရာတွင်တော့ဒေါ့ဆူရဲ့အားထားရာစစ်သူကြီးများကနေရာယူလို့နေသည်။ ထယ်ယောင်းအတွက်ပထမဆုံးတက်ရောက်ဖူးသောညီလာခံဖြစ်တာကြောင့်အနေရခက်ကာသက်တောင့်သက်သာမဖြစ်လှပေ။ အရှင်နှင့်မှူးမတ်တို့ဆွေးနွေးကြသောတိုင်းရေးပြည်ရေးတွေလဲနားမလည်သော်လည်းကြင်ယာတော်နေရာတွင်ရောက်နေပြီမို့အရုပ်သဖွယ်ညီလာခံတွင်တက်ရောက်နေရသည်။
သူစိတ်ကျဉ်းကျပ်နေသည်ကိုအရှင်ကနားလည်စွာတစ်ချက်တစ်ချက်လှမ်းကြည့်ပြီးနွေးထွေးစွာပြုံးပြပေမယ့်အဲ့လိုအခါတွင်မှပိုအနေရခက်သည်လေ။ညီလာခံတွင်တက်ရောက်နေသောမင်းသားဆွန်းဟိုကလဲတစ်ချိန်လုံးထယ်ယောင်းကိုစိမ်းစိမ်းကြီးကြည့်ကာညစ်ထေးတဲ့အပြုံးဖြင့်ပြုံးနေတာမို့ ထယ်ယောင်းစိတ်တွေမွန်းကျပ်လာကာထိုအပြုံးကိုအဓိပ္ပာယ်ဖော်နေမိသည်။
"ကိုင်း ဒါဆို ညီလာခံစဲကြစို့ မှူးမတ်တို့"
အရှင်ကတိုင်ပင်ဆွေးနွေးစရာများပြီးတော့ညီလာခံပိတ်သိမ်းရန်ပြောနေစဉ်မှာ
"အစ်ကိုတော် ကျွန်တော်လျှောက်တင်စရာရှိပါတယ်"
မြေခွေးမျက်ဝန်းတွေကအေးစက်စက်ပြုံးရင်းစူးရှသောအသံဖြင့်လျှောက်တင်တော့ညီလာခံတစ်ခုလုံးရဲ့အကြည့်ကမင်းသားဆွန်းဟိုထံတွင်။
"ညီတော်ကဘာများပြောစရာရှိလို့လဲ"
"ဒီညီလာခံကြီးတစ်ခုလုံးပါးစပ်အဟောင်းသားဖြစ်သွားစေမယ့်အကြောင်းအရာပါ အစ်ကိုတော်"
"ကဲ ဆိုစမ်းပါဦး"
မင်းသားဆွန်းဟိုဟာအရှိန်ယူနေဟန်စကားကိုမစသေးဘဲချောင်းဟန့်နေရင်းကိုယ့်ကိုခပ်ထေ့ထေ့ကြည့်နေတာမို့ မကောင်းတဲ့အငွေ့အသက်တွေထယ်ယောင်းခံစားလာမိတော့သည်။ မဟုတ်မှ သူထင်သလိုများ....
"ဒီဒေါ့ဆူပြည်ကြီးရဲ့အရှင်မင်းမြတ်ဖြစ်တဲ့အစ်ကိုတော်ဟာဒေါ့ဆူပြည်ရဲ့မြေရေလေမက ဒေါ့ဆူပြည်ရဲ့မြေပေါ်ကအရာမှန်သမျှပိုင်စိုးပါတယ်"