The Magnolia Story
"သည်းညှာ အမောင်ပြန်လာပြီလေ"
လူပုံအလယ်တွင်ရောက်နေပါစေသတိမထားနိုင်တော့ဘဲသည်းညှာကိုယ်လေးကိုရင်ခွင်ထဲသိမ်းကာဖက်တော့ တခဏတော့တောင့်တင်းစွာရှိနေပေမယ့် သတိဝင်ဝင်ခြင်းရင်ခွင်ထဲမှရုန်းထွက်သွားပြီး အနောက်တစ်လှမ်းဆုတ်ကာနှုတ်ခမ်းကိုတင်းတင်းစေ့ထားသေးသည်။
ဂျောင်ကုကနောက်သို့ဆုတ်သွားတဲ့ထယ်ယောင်းရဲ့လက်ကလေးကိုဖွဖွလှမ်းကိုင်ကာ
"သည်းညှာ"
"ထယ်ယောင်းလို့ပဲခေါ်ပါ အရှင်ဂျောင်ကု"
လက်ကိုဖယ်ထုတ်ပြီးမျက်လွှာချထားသောကောင်လေးဆီမှာတင်းမာနေသောလေသံကြောင့်ကိုယ့်အပေါ်စိတ်မပြေနိုင်ကြောင်းသိသာစေသည်။ ဂျောင်ကုလဲဘာမှမပြောတော့ဘဲ သည်းညှာကိုခေါ်သွားရန်စီစဉ်ထားသောဝေါယာဉ်ပေါ်တက်စေတော့လည်း မတက်ဘဲ
"သုံ့ပန်းတစ်ယောက်အတွက် ဒီလိုဝေါယာဉ်ပေါ်လိုက်ပါရမှာဝန်လေးလွန်းပါတယ် အရှင်"
"ဘယ်သူကသုံ့ပန်းလဲ သည်းညှာက သုံ့ပန်းမှမဟုတ်ဘဲ..."
"စစ်ရှုံးသွားတဲ့ဘုရင်ရဲ့ကြင်ယာတော်ကို သူ့သဘောဆန္ဒမပါဘဲ ခေါ်ဆောင်တာ သုံ့ပန်းနဲ့ဘာများကွာခြားလို့လဲ"
သူ့ကိုယ်သူ အရှင်နမ်ဂျွန်းရဲ့ကြင်ယာတော်ဟုပင်သုံးနှုန်းနေသောသည်းညှာကြောင့် ရင်ထဲတဆစ်ဆစ်နာကျင်ရပြန်သည်။ တစ်ချိန်ကကိုယ်တိုင် အရှင်နမ်ဂျွန်းအတွက် ဆက်သခဲ့သေးတာပဲလေ သည်းညှာစိတ်နာနေမယ်ဆိုလဲမလွန်ပါဘူး။ သည်းညှာစိတ်ပြေတဲ့အထိအမောင်ကတောင်းပန်မှာပါကွယ်။
"ဒါဆိုလဲ ဝေါယာဉ်ပေါ်ကမလိုက်ဘဲ အမောင့်မြင်းပေါ်ကလိုက်ခဲ့ အမောင့်ရင်ခွင်ထဲကနေထိုင်ပြီး...."
စကားပင်မဆုံးသောဝေါယာဉ်ပေါ်တက်လိုက်တဲ့ထယ်ယောင်းကြောင့် အရှင်ဂျောင်ကုမသိမသာပြုံးလိုက်မိသေး၏။ စိတ်ဆိုးနေတာတောင်သည်းညှာရဲ့အမူအကျင့်တိုင်းကချစ်စရာကောင်းလွန်းလို့အမောင်တော့ဘယ်လိုလုပ်ရပါ့။
ဂျီမင်ကတော့ ဂယောဘို့ကိုလိုက်ပါဖို့စိတ်လှုပ်ရှားစွာတပြုံးပြုံးတပျော်ပျော်ရှိနေသည်။ ဂယောဘို့ကတပ်ဖွဲ့တွင် ဟိုဆော့ပါမလာတာကြောင့် မျက်နှာလေးညှိုးကာငိုမဲ့မဲ့လေးဖြစ်သွားပေမယ့် ခဏနေတွေ့ရတော့မှာမို့တက်ကြွနေပြန်သည်။ ဂျီမင်လဲအရှင်နမ်ဂျွန်းအတွက်စိတ်မကောင်းဖြစ်မိပေမယ့် အစ်ကိုဟိုဆော့နဲ့ပြန်တွေ့ရဖို့ကဒီတစ်နည်းသာရှိသည်မို့ အရှင်ဂျောင်ကုကိုစစ်နိုင်ဖို့တိတ်တိတ်ကလေးဆုတောင်းနေမိသည့်အထိပင်။