The Magnolia Story
အရွက်အခက်တို့ဖြာဝေနေတဲ့သစ်ပင်ကြီးအောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသောချစ်သူနှစ်ဦး။ ကိုယ့်ဦးစားပေးရွေးချယ်မှုဟာချစ်ရသူကောင်လေးမဟုတ်ခဲ့တဲ့အတွက်အားနာစိတ်တို့ဖြင့်အပြစ်သားတစ်ယောက်လိုခေါင်းငိုက်စိုက်ချထားတဲ့ဟိုဆော့...။သူ့နည်းတူဂျီမင်လဲအချိန်ကြာထိစွံအတိတ်ဆိတ်နေကာ ရစ်ဝေနေသောမျက်ရည်တို့ကိုထိန်းချုပ်နေဟန်။
"အစ်ကိုတောင်းပန်ပါတယ် အသေးလေး"
"ဟင့်အင်း ကျွန်တော်ကြားချင်တာအဲ့စကားမှမဟုတ်တာ"
ဟိုဆော့ကထားခဲ့ရမယ့်ချစ်သူလေးကိုစိတ်မချနိုင်စွာသက်ပြင်းတဖွဖွချကာလက်ကလေးကိုဆွဲကိုင်ရင်း
"အသေးလေးကဘယ်လိုပြောစေချင်လို့လဲဟင်"
"ကျွန်တော့်ကိုအပြီးထားသွားမှာမဟုတ်ဘူးမလား အဲ့ဒါဆိုတောင်းပန်စရာမှမလိုတာ ဟင့်..မထားခဲ့ဘူးမဟုတ်လား"
တစ်လျှောက်လုံးထိန်းထားခဲ့တာမျက်ရည်တွေလဲတာကျိုးသလိုတလိမ့်လိမ့်ကျဆင်းလာသည်။ ပါးမို့မို့လေးနှင့်နှာဖျားလေးရဲတွတ်လာသည်အထိရှိုက်ငိုနေတဲ့ကောင်လေးကိုဟိုဆော့ကရင်ခွင်ထဲထည့်လိုက်ကာခေါင်းလုံးလုံးလေးကိုတဖွဖွနမ်းလျက်
"မထားခဲ့ပါဘူး အသေးရယ် အစ်ကိုမင်းဆီပြန်လာမှာပေါ့ ..နော် ဆက်ဆက်ပြန်လာမှာ မငိုနဲ့တော့ကွာ"
အချော့ခံရတဲ့ကလေးကပိုငိုသလိုမျိုးရင်ခွင်ထဲမှာပိုသည်းထန်စွာငိုနေတဲ့ကောင်လေးကိုဟိုဆော့လဲစိတ်ရှည်စွာချော့မော့နေသည်။ခေါင်းလေးကိုဖွဖွပုတ်ပေးတော့လက်သေးသေးတွေခါးကိုတင်းတင်းကျပ်ကျပ်ဖက်လာတာမို့ဖျော့တော့တော့ပြုံးမိသေး၏။ အစ်ကိုတော့ဘယ်လိုလုပ်ရပါ့ အသေးလေးရယ် အတူရှိနေရင်တောင်မျက်စိအောက်ကပျောက်သွားတော့မယ့်လူလို ဝတ်ရုံစကိုဆွဲထားတတ်တဲ့ကောင်လေးနဲ့ခွဲရမှာမို့ အစ်ကို့ရင်တွေလဲနာကျင်နေရပါတယ်။
"အချိန်ကာလသတ်မှတ်ချက်မရှိတဲ့နှုတ်ကတိတွေဟာမရေရာပေမယ့် အစ်ကိုကတော့မင်းဆီမဖြစ်ဖြစ်တဲ့နည်းနဲ့ပြန်လာမှာပါ အစ်ကို့ကိုယုံကြည်ပြီးစောင့်နေပေးနော်"