The Magnolia Story
လခြမ်းကွေးရဲ့အလင်းရောင်မှာမှိန်ပြပြဖြစ်နေကာကြယ်တာရာတွေလဲမလင်းတလင်းဖြစ်နေချိန် ဂျောင်ကုတစ်ယောက်တည်းလမ်းလျှောက်ထွက်ခဲ့သည်။ ညနေကမြင်ခဲ့ရတဲ့ရေစိုနေသောကျောပြင်ငယ်လေးသည်အတွေးထဲမှာစိုးမိုးနှိပ်စက်နေဆဲ။သက်ပြင်းတွေအကြိမ်ကြိမ်ချမိသောလဲရင်ထဲမှာတင်းကျပ်နေတာတစ်စက်ကလေးမှမလျော့ပါးသွားချေ။
ပုစဥ်းရင်ကွဲအော်သံတွေမှတစ်ပါးတိတ်ဆိတ်နေသောညချမ်းအချိန်မှာအနားယူအိပ်စက်ခြင်းမပြုနိုင်တဲ့ဂျောင်ကု လမ်းလျှောက်ရင်း ရေတွင်းနေရာလေးသို့ရောက်လာသည်။ မသိလိုက်မသိဘာသာဖြတ်လျှောက်သွားချင်ပေမယ့် ဒီရေတွင်းလေးကသူ့အတွက်အဓိပ္ပာယ်မျာစွာသက်ရက်သောရေတွင်းလေးဖြစ်သည်လေ။
ရွှံ့မံကာကျောက်တုံးတွေဖြင့်ဘောင်ပြုထားသောရေတွင်းဘောင်ကိုတဖွဖွကိုင်ကြည့်မိတော့ စိုးရိန်တကြီးအမောင်လို့ ပထမဆုံးခေါ်သံလေးကနားထဲ၀င်ရောက်လာပြန်တယ်။ မျက်စိစုံမှိတ်ကိုခေါင်းကိုခါထုတ်လိုက်ပေမယ့် ရင်ခွင်ထဲတိုးဝင်လာခဲ့တဲ့ပုံရိပ်လေးတွေ၊မျက်ရည်စတွေနဲ့စိတ်ပူကာအပြစ်တင်နေတဲ့ပုံရိပ်လေးကတွေအခုလက်ရှိဖြစ်နေသကဲ့သို့မြင်ယောင်နေဆဲ။
သည်းညှာရဲ့အချစ်တွေတုံ့ပြန်ခဲ့တဲ့နေရာ၊နှစ်ဦးသားချစ်သူဖြစ်ခဲ့တဲ့နေရာလေးကိုပြန်ရောက်လာခဲ့ပေမယ့်အခုအချိန်မှာဘယ်လိုမှမဖြစ်နိုင်တော့တဲ့တံတိုင်းကြီးကကာခြားခဲ့လေပြီ။
ထယ်ယောင်းရင်ထဲမှာမီးတောင်မှချော်ရည်ပူတွေလောင်းချသကဲ့သို့ပူလောင်နေတာကြောင့်ဟိုလူးဒီလှိမ့်ဖြင့်အိပ်မပျော်နိုင်သေး။ နောက်ဆုံးဘေးမှာအိပ်ပျော်နေတဲ့ဂျီမင်ကိုမနှိုးတော့ဘဲတစ်ယောက်တည်းလမ်းလျှောက်ထွက်လာခဲ့တယ်။ခြေဦးတည့်ရာထွက်လာမိပေမယ့် တစ်စုံတစ်ရာငြှို့ငင်နေသလို ရေတွင်းဆီကိုသာဦးတည်မိတော့သည်။
သူ့ထက်အရင်ရောက်နေတဲ့ဂျောင်ကုကိုမြင်တော့ခြေလှမ်းတွေကရပ်တန့်မိပြီးခပ်လှမ်းလှမ်းကငေးကြည့်နေမိသည်။ ရေတွင်းဘောင်ကိုဖွဖွကိုင်ကြည့်ရင်းခေါင်းငိုက်စိုက်ချထားသောစစ်သူကြီးဂျွန်ကိုကြည့်ပြီးမျက်ရည်စတွေကမထိန်းနိုင်။ ကိုယ့်ကိုယ်ကိုတောင်သတိမကပ်နိုင်တော့ဘဲစစ်သူကြီးဂျွန်ရဲ့ကျောပြင်ဆီကိုထယ်ယောင်းပြေးသွားမိပြီးအနောက်ကနေအားကုန်ဖက်ထားမိတော့ရင်းနှီးခဲ့ဖူးတဲ့ကိုယ်သင်းနံ့လေးကပြန်လည်ထွေးပွေ့ထားသယောင်။