The Magnolia Story
"သည်းညှာ ..နောက်တစ်လုပ် ....အာ"
"....."
"အင်းး သည်းညှာခွံ့ကျွေးတာမို့ထင်တယ် အရသာရှိလိုက်တာ..."
ဒဏ်ရာကိုအကြောင်းပြပြီး ခွံ့ကျွေးခိုင်းနေသောအရှင်ဂျောင်ကုအားထယ်ယောင်းကစိတ်ရှည်လက်ရှည်တစ်ဇွန်းချင်းစီခွံ့ကျွေးနေရသည်။ မြှားဒဏ်ရာကတော်တော်၊အရှင်ဂျောင်ကုကကဲကဲမို့ ဘယ်ပဲလုပ်လုပ် နှုတ်ကသည်းညှာမပါလျှင်မပြီးတတ်တော့ချေ။
"အမောင်လေ စားပြီးရင် ကိုယ်လက်သန့်ရှင်းချင်တယ် သည်းညှာကိုယ်တိုင်လုပ်ပေးမယ်မဟုတ်လား...နော် ..နော်"
"ဟုတ်ပါပြီ ကျွန်တော်မပါရင်ရောပြီးလို့လား အမောင်က..."
"အင်း အမောင်ကသည်းညှာနဲ့မှပြီးတတ်တော့တာ"
"အမောင်နော်"
ထယ်ယောင်းကရိုးရိုးမေးလိုက်ပေမယ့် အရှင်ဂျောင်ကု မျက်ခုံးတစ်ချက်ပင့်ရင်းပြုံးစစဖြင့်ပြန်ဖြေလိုက်တာကြောင့်ထယ်ယောင်းမျက်စောင်းလေးခဲရပြန်သည်။ သမားတော်ကြီးတွေကဒဏ်ရာကြောင့်သိပ်မလှုပ်ရှားဖို့မှာထားလို့သာ မြန်မြန်နလန်ထူလာရင်တော့ခက်ရချည်ရဲ့။
ထယ်ယောင်းကသစ်သီးလေးခွဲကာဆက်ခွံ့ပေးတော့ပြုံးပြုံးကြီးစိုက်ကြည့်နေတာများအသည်းအေးစဖွယ်။ ပါးပြင်ကိုတရွှတ်ရွှတ်နမ်းကာ အမောင့်စံကားပန်းလေး၊ အမောင့်သည်းညှာလေးစသဖြင့်နာမ်စားအစုံကိုလဲခေါ်တတ်သေးသည်။ သူ့အနားမကပ်ဘဲခပ်ခွာခွာနေရင်းလည်းနေမကောင်းတဲ့ကလေးမုန့်မရလို့ဂျီကျသလိုလည်းဂျီကျတတ်သေးသည်။ တယ်လည်းပြောရခက်တဲ့ဘုရင်ကြီးပါလေ။
ရေနွေးကန်ထဲကရေကိုစမ်းကြည့်ကာကြက်သီးနွေးလေးကွက်တိဖြစ်သည့်အထိရေနွေးစပ်ပြီးနောက် အမောင့်ကိုရေချိုးသန့်ရှင်းပေးဖို့ပြင်ရသည်။ ဒဏ်ရာနေရာကိုရေထိလို့မဖြစ်တာမိုရေကိုလျှော့ထားကာခန္ဓာကိုယ်အောက်ပိုင်းမြှပ်သည်လောက်အထိပဲရေဖြည့်ထားရသည်။ ပြင်ဆင်ပြီးလို့အသင့်ဖြစ်တော့အမောင့်ဝတ်ရုံကိုဂရုတစိုက်ချွတ်ပေးတဲ့အခါ နံစောင်းကမြှားဒဏ်ရာကြောင့်စိတ်မကောင်းဖြစ်ရသေးသည်။