31

3.7K 433 55
                                    

The Magnolia Story

ကြင်ယာတော်ထယ်ယောင်းအဆောင်ပြောင်းရွှေ့ခြင်းကိုအပျော်ဆုံးသူမှာအရှင်ဂျောင်ကုသာပင်။ အဆောင်ကူးစရာမလိုတော့ဘဲ ရှူမငြီးဖွယ်ကြင်ယာတော်လေးကိုအနားမှာအမြဲခေါ်ထားနိုင်တာမို့ မီရာ့ကိုပင်ကျေးဇူးတင်ရမလိုပင်။

ညီလာခံတက်ရန်ဝတ်ရုံကအစကြင်ယာတော်လက်နှင့်စီစဉ်ပေးမှသွားတတ်တော့သောအရှင်ဂျောင်ကုအကြောင်းမှာလည်းနန်းတွင်းမှာပြောမဆုံးနိုင်ဖွယ်ရာပင်။ မိဖုရားခန့်အပ်ထားခြင်းမှာဟန်ပြသာဖြစ်ကြောင်းသိလာကြသော်လည်း ကြင်ယာတော်ထယ်ယောင်း၏စိတ်သဘောထားကောင်းတို့ကြောင့်မည်သူကမှမကျေနပ်ခြင်းမရှိကြပေ။

ကြင်ယာတော်ထယ်ယောင်းကအရှင်ဂျောင်ကုကိုညီလာခံမသွားမီပြင်ဆင်ပေးနေစဉ်တွင်

"သည်းညှာ နေဝင်ချိန်ကျရင်အမောင်နဲ့လျှောက်လည်ကြမလား"

လျှောက်လည်ဖို့အကြောင်းကြားတော့ထယ်ယောင်းရဲ့မျက်လုံးလေးအရောင်လက်သွားတာကိုအရှင်ဂျောင်ကုကအသည်းယားစွာပြုံးလိုက်၏။

"တကယ်လား အမောင်ကညီလာခံတွေနဲ့အားမှမအားတာဘဲ"

"သည်းညှာအတွက်ဆို အမောင်ကအားအောင်လုပ်ထားမှာပေါ့"

"ဒါပေမယ့် အမောင့်ကိုယ်ရံတော်တွေပါ ပါမှာလားဟင်"

"မဟုတ်ဘူး အမောင်တို့နှစ်ယောက်တည်း"

လွတ်လွတ်လပ်လပ်လေးလည်ချင်ရှာသည့်သည်းညှာမျက်နှာလေးဝင်းပသွားတာမို့နှစ်ယောက်တည်းသွားရန်စီစဉ်ခဲ့ခြင်းမှာမှန်ကန်သည်ဟုဆိုရပေမည်။ ရွှင်လန်းသွားတဲ့မျက်နှာလေးအားအသည်းယားစွာပါးပြင်ကိုတစ်ချက်ဖွဖွနမ်းကာ

"ခဏပဲစောင့်နော် အမောင့်စံကားပန်းလေး အမောင်မြန်မြန်ပြန်ခဲ့မယ်"

ထယ်ယောင်းကအသာအယာခေါင်းညိတ်ပြတော့မှအရှင်ဂျောင်ကုကညီလာခံကိုပြုံးရွှင်စွာသွားတော့၏။

အမောင်ညီလာခံသွားပြီးနောက်တစ်ယောက်တည်းဝတ်စုံလေးတွေရွေးရင်းအချိန်ဖြုန်းနေမိစဉ်

"ထယ်ယောင်းရေ..."

"အော ဂျီမင် မင်းကလဲငါ့ဆီမလာတာတောင်ကြာပြီ အစ်ကိုဟိုဆော့နားပဲကပ်နေတော့တာ ဟွန်မ့်"

The Magnolia Story (𝓬𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭)Where stories live. Discover now