1

28K 421 2
                                    

Let Me Adore You - 1
✉✉✉✉✉✉✉✉✉✉✉✉

"ထနောင်းညို နင်ဘာလို့မလာသေးတာလဲ"

နာရီကိုတစ်ချက်ကြည့်ရင်း သူ့နာမည်ကိုအစအဆုံးခေါ်ကာ ပြောလိုက်သည့် ပျို့အသံလေးက ဆူဆူဆောင့်ဆောင့်ဖြစ်နေမှာ သေချာသည်။
အပြင်ထွက်ဖို့ ခြံထဲကစောင့်ဆိုပြီး ပျို့ကိုစောင့်ခိုင်းကာ အိမ်ထဲမှာဘာလုပ်နေလဲမသိသည့် ကိုယ်တော်ချောက ခုထိထွက်မလာသေး။
နာရီကိုကြည့်မိတော့လည်း ရုပ်ရှင်ချိန်နားနီးကပ်နေပြီမို့ ပျိုသည် သူ့ရဲ့ကြာရှည်နေမှုကို စိတ်မရှည်နိုင်အောင်ဖြစ်ရသည်။

"လာပါပြီဟာ နင်ကလည်းစိတ်ဓာတ်ပဲ"

အမောတကောအသံဖြင့် ထနောင်းသည် အိမ်ထဲကပြေးထွက်လာတော့ မကျေမနပ်ဖြင့် ပျိုမျက်စောင်းလေးချီမိပြန်သည်။
သူ့ကိုမကျေနပ်နေမှန်း သိသာစေအောင် နှုတ်ခမ်းကိုပါ တမင်စူထော်ပစ်ကာ လက်ကနာရီကိုထောင်ပြလိုက်ရင်း...

"ငါနင့်ကိုစောင့်နေတာ ၂၅မိနစ်ရှိနေပြီ ထနောင်းအစုတ်ပလုတ်ရဲ့ နင် ဘာတွေများလုပ်နေတာလဲ"

"ဖိနပ်ကြိုးချည်နေလို့ပါ မယ်ပျိုရယ် နင်ဟာလေ အဘွားကြီးကျနေတာပဲ ပွစိပွစိနဲ့ ရုပ်ရှင်လက်မှတ်က ပုပ်သိုးမသွားဘူးသိလား ရုပ်ရှင်စနေပြီမို့လို့ ဝင်လို့မရတာမျိုးလည်းမရှိဘူး"

"ဘာပဲဖြစ်ဖြစ် နင်နောက်ကျနေတာပဲ ဘာမှလျှောက်ပြောမနေနဲ့ သွားမယ် နောက်ကျနေပြီ"

ထနောင်းက စပ်ဖြဲဖြဲနှင့်ကားသွားထုတ်တော့ ပျိုဆံပင်ရှည်ရှည်တွေကို ကျောပေါ်ပို့လိုက်ရင်း ထနောင်းကိုလှမ်းကြည့်မိသည်။
အဖေအိမ်မှာမရှိတုန်း လွတ်လွတ်လပ်လပ်ထွက်ရသည်မို့ ဒီလိုအခွင့်အရေးမျိုး နှစ်ခါမရ၍ ရုပ်ရှင်သွားကြည့်ကြဖို့စီစဥ်ထားပြီးသား။
ထနောင်းကတော့ နေရာတကာအေးအေးဆေးဆေးရှိပြီး ပျို့စကားဆို အမြဲလက်ခံတတ်သူမို့ ရုပ်ရှင်ကြည့်မည်ဆိုတော့ တကူးတကညှိစရာမလို။

သွေးမတော်သားမစပ်ပေမယ့် ငယ်စဥ်ကတည်းက အတူနေခဲ့သည်မို့ ထနောင်းဟာ ပျို့ရဲ့အစ်ကိုလည်းဖြစ်သလို သူငယ်ချင်းအရင်းအချာကြီးလည်းဖြစ်သည်။
အဖေရင်း၊အမေရင်းဆိုသည်မှာလည်း ဘယ်သူဘယ်ဝါရယ်လည်းမသိသလို ဒီအတိုင်းနေခဲ့တာလည်း ကြာပြီမို့ အဖေရယ်၊ ထနောင်းရယ်၊ အန်တီမေရယ်သာ ပျို့ရဲ့ဆွေမျိုး၊ ပျို့ရဲ့မိသားစု။
တစ်နည်းတစ်ဖုံပြောရလျှင် ပျို့ရဲ့အရာအားလုံး…

Let Me Adore YouWhere stories live. Discover now