Let Me Adore You - 18
✉✉✉✉✉✉✉✉✉✉✉✉Honeymoonအတွက် ပုဂံကို ပျိုရွေးချယ်တော့ သူက နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ ခေါင်းညိတ်ပြသည်။
ဘာကြောင့်မို့များ ထိုနေရာကို ပျိုရွေးမိသလဲဆိုတော့ 'မြန်မာမှန်လျှင် ပုဂံကိုရောက်ဖူးရမည်'ဆိုသော စကားလည်းရှိသည်လေ။
ထို့အပြင် အဖေ့ရဲ့ဇနီး၊ ထနောင်းရဲ့အမေက အညာဒေသ၏ပြယုဂ်ဖြစ်သော ထနောင်းပင်တွေကို အလွန်သဘောကျတတ်သူလည်း ဖြစ်သည်ဟု ပျိုကြားဖူးသည်။
ဒါကြောင့်လည်း ပျို့ခင်ပွန်းကို ထနောင်းညိုဟု ပေးခဲ့ခြင်းဖြစ်သတဲ့…"ပြောရရင်ရှက်စရာကြီးကွာ ဩဇီအထိကျောင်းသွားတက်ဖူးပေမယ့် ကိုယ် ပုဂံကိုအခုမှရောက်ဖူးတာ"
"အဲ့ဒါကြောင့် တမင်ခေါ်လာတာ မြန်မာမှန်ရင် ပုဂံကိုရောက်ဖူးရမယ်တဲ့လေ ပျိုကတော့ ဒါနဲ့ပါဆို၃ခါရှိပြီ"
ဘာရယ်မဟုတ်သော ပျို့စကားကြောင့် ထနောင်းက Awwဟုဆိုကာ တိုးတိတ်ငြိမ်သက်သွားသောကြောင့် ပျို့စိတ်ထဲထိတ်ခနဲဖြစ်သွားသည်။
ဩရသနဲ့လာဖူးသလားဟု သူတွေးနေမလားဆိုသည့် မလုံမလဲစိတ်ဖြင့် ပျိုသည် ကားစတီယာရင်ကိုကိုင်ထားသော သူ့လက်မောင်းကိုဖက်ထားလိုက်၏။"တစ်ခါက အဖေနဲ့အန်တီမေပါတယ် နောက်တစ်ခါက နွယ်နဲ့ဏီတို့ပါတယ်"
"ကိုယ်က ဘာမှမမေးပါဘူး ပျိုရယ် မင်းကိုမယုံတာမျိုးလည်းမရှိဘူး အရင်ကိစ္စတွေလည်း ခေါင်းထဲထည့်မထားပါဘူး ကိုယ်တစ်ခုသတိရသွားလို့ပါ"
"ဘာလဲ"
"မင်းက ခဏခဏရောက်ထားတော့ ကိုယ်တို့ Guideမလိုတော့ဘူးလားလို့"
"အံမယ်"
ပျိုအမြင်ကတ်ကတ်ဖြင့် မျက်စောင်းချီသည့်အခါ ထနောင်းက ရယ်သံတိုးတိုးဖြင့် ပျို့နဖူးလေးကိုငုံ့နမ်းလာ၏။
ပုဂံအဝင်လမ်းသည် ပျိုတို့သွားခဲ့စဥ်ကထက် လမ်းတွေပိုကောင်းလာသလို နွေဦးပေါက်ချိန်မို့ အဝါရောင်ရွက်ကြွေတွေက လမ်းဘေးမြေပြင်နှင့်အပြည့်မို့ တစ်လမ်းလုံးဝါထိန်နေသည်။
ဤအဝါရောင်ရွက်ကြွေတွေကြောင့် ကတ္တရာလမ်းမသည် ပိုပြီးထင်းလင်းနေကာ အနော်ရထာလမ်းမကြီးသည် ဓာတ်ပုံရိုက်ရန်အကောင်းဆုံးနေရာဖြစ်နေပြီ။
YOU ARE READING
Let Me Adore You
Romanceငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး... ခိုင်မာမြဲမြံတဲ့ သံယောဇဥ်တွေနဲ့ တည်ဆောက်ထားကြတဲ့ မိသားစုလေးကြားမှာ တတိယလူပေါ်လာတဲ့အခါမှာ... အိမ်ထောင်ရေးကိုအခြေခံထားတဲ့ ဇာတ်အိမ်လေးဖြစ်ပြီး လက်တွေ့ဘဝနဲ့ နီးစပ်အောင်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝကိ...