15

7.9K 265 9
                                    

Let Me Adore You - 15
✉✉✉✉✉✉✉✉✉✉✉✉

မနေ့ညက စေ့စပ်ပွဲအထမြောက်ခဲ့၍ ဒီနေ့မနက်မှာတော့ ပြင်ဦးလွင်တရားရုံးမှာ လက်မှတ်ထိုးခြင်းဖြင့် အကျဉ်းချုပ်လက်ထပ်ဖြစ်သည်။
အဖေရဲ့သစ္စာရှိခြံအလုပ်သမားတချို့က အသိသက်သေလုပ်ပေးကြ၍ ပျိုတို့လက်မှတ်ထိုးပွဲလေးက မြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်။

"ဘာလို့ဇွတ်တွေစီစဉ်နေတာလဲ ထနောင်း ငါပြန်ရောက်တာမှ ၃ရက်ပဲရှိသေးတယ်"

ပျို မျက်စောင်းလေးချီပြီးမေးတော့ ထနောင်းကပြုံးကာ လက်ထပ်စာချုပ်နှစ်စောင်ကို မေးဆတ်ပြသည်။

"မူပိုင်ခွင့်လေ ကိုယ်မင်းကိုအပိုင်ရချင်တာကြာလှပြီ အခုမှမူပိုင်ခွင့်ရတာ မင်းခေါင်းညိတ်နေတုန်း ရတာအကုန်ယူရမှာပဲ"

"လူယုတ်မာအကျင့်နဲ့ ကြည့်စမ်း"

နို့နှစ်ရောင်ပေါ်မှာ အဝါရောင်ချိတ်လေးတွေပါသည့် မြန်မာဝတ်စုံလေးကို ပျိုဝတ်ထားသလို သူသည်လည်း လည်ကတုံးရှပ်လက်ရှည်အဖြူကို ရွှေဝါရောင်ပုဆိုးနှင့် တွဲဝတ်ထားသည်။
သူဟာ တကယ်ကြည့်ကောင်းသည့်လူပါ..
သူ့ပုံစံ၊ သူ့အရည်အချင်းဖြင့် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာ သေချာပါလျက် ဘာကြောင့် သူ့အပေါ်မချစ်သေးသောပျို့ကို ရွေးချယ်ခဲ့သလဲမသိ။

"စိုက်မကြည့်နဲ့ ပျို ကိုယ်ရင်တွေခုန်နေတာ မနေ့ညကထက်ဆိုးသွားမယ်"

ပျို ခစ်ခနဲရယ်ကာ သူ့လက်မောင်းကိုဖွဖွထုတော့ ထနောင်းကရယ်ရင်း ပျို့လက်ကလေးကို ခပ်တင်းတင်းလေးဆုပ်ကိုင်သည်။
နောက်တွဲဆံထုံးလေးထုံးထားကာ ပျို့မျက်နှာပေါ်မှာ ဆံပင်တွေကိုစပရိန်ကောက်ပြီး ခပ်ဖွဖွလေးချထားသည်ကို စူးစိုက်ကြည့်ရင်း နဖူးကိုငုံ့နမ်းသည်။

"ထနောင်းနော် ဘယ်လိုဖြစ်နေတာလဲ အဖေရှိနေတာကို"

"အဖေက ဟိုဘက်လှည့်နေတာ"

ဟု ရယ်ကျဲကျဲပြန်ပြောတော့ ပျိုနှာခေါင်းလေးရှုံ့မိပြန်သည်။
သိပ်ကိုအကဲပိုလွန်းတဲ့လူ...

"ပြောပါဦး နောက်ထပ် ဘာတွေများထပ်ပြီးစီစဉ်ထားသေးလဲ ဒီအတိုင်းဆို လက်ထပ်ဖို့ကိုလည်း အသေးစိပ်စီစဉ်ထားမှာပေါ့"

Let Me Adore YouWhere stories live. Discover now