8

5.8K 208 3
                                    

Let Me Adore You - 8
✉✉✉✉✉✉✉✉✉✉✉✉

"စာမေးပွဲပြီးရင်တော့ UKမှာစာသင်ထွက်တော့မယ် ဒီနိုင်ငံမှာနေရုံနဲ့ အဆင်မပြေပါဘူးဟယ်"

သူငယ်ချင်း၃ယောက်ဆုံတော့ ဏီပြောလာသည့်စကားကြောင့် နွယ်ရော၊ ပျိုပါ ဏီ့ကိုကြည့်လိုက်မိသည်။
ဏီတို့မိသားစုက အရာရှိမျိုးရိုးဖြစ်သည့်အပြင် ချမ်းသာကြွယ်ဝသူတွေမို့ UKမှာ စာသွားသင်ဖို့ဆိုတာ မထူးဆန်းပါ။
စာမေးပွဲပြီးရင်ဆိုတော့ ပြီးပြီးချင်း ချက်ချင်းထွက်သွားမည့်သဘောမျိုးမို့ ပျိုတို့အတွက် ထူးဆန်းသွားခြင်းဖြစ်သည်။

"ရှင်ဆိုသည်မှာက စာမေးပွဲပြီးရင်လျှောက်လည်ဖို့ ဘာညာတောင် အစီအစဉ်မရှိတော့ဘူးလား"

"Sorryပါ အသည်းတို့ရယ် ဖေဖေစီစဥ်တာလေ"

"ငါလည်း ဩဇီကိုလိုက်သွားမလို့"

"နင်ကရော ဘာထဖောက်ပြန်တာလဲ ထနောင်းက ပြန်မလာသေးလို့ နင်ကလိုက်သွားမှာလား"

ထနောင်းနာမည်ပါလာသည်နှင့် ဏီမျက်ခုံးလေးရှုံ့သွားကာ ဒါကိုပျိုသတိထားမိသလို နွယ်ကတော့ မသိမသာနှုတ်ခမ်းမဲ့သည်။
ဏီသည် ထနောင်းရဲ့နာမည်ပါလာတိုင်း ထိုသို့ဖြစ်နေတတ်သည်ကို ပျိုလည်းသတိထားမိသည်မှာ ကြာပြီဖြစ်ကာ နွယ်ကတော့ သတိထားမိသည်မှာ ကြာနေလောက်ပြီ။

"သူလည်းပြန်လာမှာမို့လေ အဖေကသွားခေါ်တဲ့သဘောပေါ့ ပြီးတော့ ငါလည်း ဩဇီကိုမှမရောက်ဖူးဘူး ထနောင်းပို့ထားတဲ့ပုံတွေကတော့ ဩဇီက တော်တော်လှလှပဲ"

"သူ့ဘာသာလာလိမ့်မယ်ပေါ့ ပျိုရယ် နင် ရသအကြောင်းလည်းသိရဲ့သားနဲ့ ထနောင်းညိုနဲ့တွေ့ချင်လို့ လိုက်သွားမှန်းသိရင် စကားများနေပါဦးမယ်"

"မောင်က အဲ့လောက်ထိတော့ သဘောထားမသေးသိမ်ပါဘူး ဏီရယ် ပြီးတော့ လိုက်ဖြစ်မလိုက်ဖြစ်ကလည်း မသေချာသေးပါဘူး အန်တီမေကရော တစ်ယောက်တည်းထားခဲ့လို့ရလားဆိုတာ ရှိသေးတယ်"

"ထားလိုက်ပါ ဏီရယ် ပျိုနဲ့ထနောင်းက သိပ်ချစ်ကြတာ ရသလည်းတစ်ချိန်ကျ ပျိုတို့မိသားစုဝင်ဖြစ်လာမှာပါ အဲ့ဒီအခါနားလည်သွားပါလိမ့်မယ်"

Let Me Adore YouWhere stories live. Discover now