Intro

11.3K 547 89
                                    

Let Me Adore You - Intro
✉✉✉✉✉✉✉✉✉✉✉✉

"ငါစိတ်ချပါရစေ မင်းညို"

တုန်ယင်စွာပြောနေသည့်သိင်္ခရဲ့လက်တစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ရင်း မင်းညိုခေါင်းညိတ်ပြလိုက်သည်။
ဘေးနားက ထိုင်ခုံရှည်မှာထိုင်ကာ အပူအပင်ကင်းမဲ့စွာမုန့်စားရင်း တအဲ့အဲ့အော်နေသည့် ကလေးမလေးကို တစ်ချက်ကြည့်ရင်း သိင်္ခကို နောက်တစ်ကြိမ်ထပ်ပြီးခေါင်းညိတ်ပြမိသည်။
ဖျော့တော့သည့်အပြုံးတစ်ခုက သိင်္ခရဲ့နှုတ်ခမ်းပေါ်တွဲခိုလာတော့ ယောကျာ်းတန်မဲ့ သူ မျက်ရည်တွေစီးကျလာပြန်သည်။

"ငါ့ကြောင့်ပါ သိင်္ခရယ် ငါ့ကြောင့်ပါ ငါသာမခေါ်ခဲ့ရင်"

"တော်.. တော်ပါ မင်းညို ငါ့သမီးကို မင်းပဲ"

အစ်ခနဲအသံနှင့်အတူ သိင်္ခရဲ့မျက်လုံးတွေပြူးကျယ်သွားသလို တုန်ယင်နေသည့်လက်တွေဟာ တဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်။
ပြင်းပြစွာရှုရှိုက်နေသည့် သိင်္ခ၏ ဝင်သက်ထွက်သက်တွေသည်လည်း ရပ်တံ့သွားခဲ့ကာ...

"ဆရာတို့ လာပါဦး ဒီမှာသိင်္ခ.."

မလှုပ်တော့သော သိင်္ခရဲ့လက်တွေကို ဆွဲခါရင်း တုန်ယင်ခြောက်ခြားစွာဖြင့် အပြင်ဘက်ကိုလှည့်အော်ပစ်မိသည်။
တီခနဲမြည်နေသော ရှည်ကြာသည့်နှလုံးခုန်စက်သံကြောင့် ဆရာဝန်နှင့်နာ့စ်တွေ အလုပ်ရှုပ်သွားကာ shockရိုက်ဖို့ပြင်ကာ လိုက်ကာကိုဆွဲပိတ်လိုက်သည်။

"ပေပေ့"

မပီကလာစကားသံလေးဖြင့် လက်ကလေးနှစ်ဖက်ဆန့်ထွက်လာသော ကလေးမလေးကြောင့် မင်းညို မျက်ရည်မသုတ်နိုင်ဘဲ ကောက်ချီလိုက်သည်။
ဘယ်သူဘာဖြစ်နေသလဲမသိဘဲ တစ်ယောက်တည်းအေးချမ်းနေသော ကလေးမလေးသည် သိင်္ခဘာဖြစ်နေသလဲဟု စိတ်ဝင်စားပုံလည်းမရ…

"ပေပေ့ ချား"

သူ့ပါးစပ်ထဲသို့ မုန့်တစ်ခုထည့်နေတာမို့ အလိုက်သင့်လေးစားလိုက်ရရင်း ထိုကလေးလေးကိုပွေ့ဖက်ကာ သူ ထပ်ငိုမိသည်။
သိင်္ခသူ..
သူ့ရဲ့အချစ်ရဆုံးသူငယ်ချင်း..
တစ်နယ်တစ်ကျေးမှာ ချို့ချို့ငဲ့ငဲ့ဖြင့် အဖေတစ်ခု၊သမီးတစ်ခုသာ နေထိုင်နေရ၍ သူ့ဆီလာဖို့ခေါ်လိုက်ကာမှ...

Let Me Adore YouWhere stories live. Discover now