Let Me Adore You - 4
✉✉✉✉✉✉✉✉✉✉✉✉"မ"
ခေါ်သံ၏နောက်မှာ ပျို့အနားကိုစွေ့ခနဲဝင်ထိုင်လိုက်သော ခန္ဓာကိုယ်တစ်ခုသည် ပျိုနှင့်နီးကပ်လွန်း၍ သူ့ဆီကအမွှေးနံ့တစ်ခုရလိုက်သည်အထိ။
ပျို မျက်လုံးပြူးသွားပြီး အထိတ်တလန့်ထထိုင်တော့ သူကရယ်ကာ လက်တစ်ဖက်ကိုဆွဲပြီး ပြန်ထိုင်ခိုင်းသည်။
ဒီကောင်လေး၏ ရဲတင်းချက်ကတော့ 9လောက်ရှိပါပေသည်။"မထိုင်ဘူး နင်ဘာလာလုပ်တာလဲ"
"မ,မှအပြင်မထွက်ဘဲ အဲ့ဒါကြောင့်ဝင်လာတာလေ ဒီနေ့တွေ့မယ်လို့ပြောသားပဲ"
"မတွေ့ချင်လို့ထွက်မလာတာပေါ့ အခုဖယ် နင်ထွက်သွား"
"ရသရယ် နင့်စာသင်ခန်းကို အေးအေးဆေးဆေးပြန်ပါ လို့ပြောလေ မ,ရဲ့နူးညံ့မှုအပေါ်မှာ ပြန်သင့် မပြန်သင့် ကျွန်တော်ဆုံးဖြတ်မယ်"
ခြေချင်းချိတ်ထိုင်လိုက်ပြီး နောက်က စာရေးစားပွဲခုံပေါ် လက်ပြန်ထောက်ကာ ပျို့ကိုပြုံးကြည့်နေသည့် ထိုမျက်နှာဟာ ဂျစ်ကန်ကန်နှင့် ချောနေပြန်သည်။
သူဟာ တကယ်လူချောလေးပါ။
သူ့ရုပ်ရည်၊ သူ့ရဲ့အနေအထားနှင့်ဆို ပျို့ထက်သာသောမိန်းကလေးမျိုး ရနိုင်ပါလျက် ဘာကြောင့်များ ပျို့ကိုကပ်တွယ်နေတာပါလိမ့်…"နင်မသွားသေးဘူးလား"
ပျို့မှာသာ ဆွေ့ဆွေ့ခုန်မတက်စိတ်ဆိုးနေမိပေမယ့် သူကတော့ ပျို့ကိုအလှကြည့်စရာ အရုပ်တစ်ရုပ်လို့ထင်နေသလားမသိ။
ကြည့်နေပုံက ချစ်စနိုးဟန်အပြည့်ဖြင့် မျက်လုံးတွေစာ ရီဝေရွှန်းလက်နေခဲ့သည်။
လက်ရှိအချိန်မှာ ခုန်ပေါက်နေသည့်ပျို့နှလုံးသားဟာလည်း ဒေါသကြောင့်လား၊ ရင်ခုန်မိတာကြောင့်လား မသဲကွဲချေ။"တကယ်စိတ်ဝင်စားဖို့ကောင်းတယ် မ.. ကျွန်တော်တွေ့ဖူးသမျှထဲမှာ ကျွန်တော့်ကို ခုလိုစွေ့စွေ့ခုန်မတက်ဒေါသဖြစ်ပြီး နှင်ထုတ်နေတာ မ,တစ်ယောက်ပဲရှိမယ်ထင်တယ်"
"ဘာ!!"
"ဟုတ်တယ် မ,တစ်ယောက်ပဲရှိတာ အဲ့ဒါကြောင့်ပဲ မ,ကို ပိုစိတ်ဝင်စားလာတာ တကယ်ပြောတာ မ,ကိုရမှဖြစ်တော့မယ် မ,မှမချစ်ရင်ဘဝပျက်သွားနိုင်တယ်"
YOU ARE READING
Let Me Adore You
Romanceငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး... ခိုင်မာမြဲမြံတဲ့ သံယောဇဥ်တွေနဲ့ တည်ဆောက်ထားကြတဲ့ မိသားစုလေးကြားမှာ တတိယလူပေါ်လာတဲ့အခါမှာ... အိမ်ထောင်ရေးကိုအခြေခံထားတဲ့ ဇာတ်အိမ်လေးဖြစ်ပြီး လက်တွေ့ဘဝနဲ့ နီးစပ်အောင်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝကိ...