12

6.8K 260 3
                                    

Let Me Adore You - 12
✉✉✉✉✉✉✉✉✉✉✉✉

ပျို့စိတ်ကူးဟုသိရသော ခြံအလယ်က ဘန်ဂလိုပုံစံအိမ်ကလေးသည် အတော်အသင့်ရုပ်လုံးကြွနေပြီဖြစ်ကာ ထိုအိမ်လေးကိုကြည့်ရင်း သဘောကျနေမိသည်။
ဒီဇိုင်းနာဖြစ်ချင်သည့် ပျို့ရဲ့မျက်လုံးက အနုပညာအမြင်ရှိသလို စိတ်ကူးလေးလည်းကောင်းတာမို့ သူကဆက်ပြီး အကောင်အထည်ဖော်ပေးချင်ပါသည်။

"ကော်ဖီတွေ ဘယ်လိုလဲ"

"ဖြစ်ပါတယ် အစ်ကိုလေး ဒီနှစ်ကမိုးနည်းတော့ နည်းနည်းပိုဂရုစိုက်ရတယ်"

"ဘာပဲဖြစ်ဖြစ် ဂရုစိုက်ပေးပါ နောက်နှစ်ထဲမှာ ကျွန်တော် ကော်ဖီကိုExportလုပ်ချင်လို့ အခုကတည်းက သေချာပြင်ဆင်ထားမှဖြစ်မယ်"

အလုပ်သမားခေါင်းဆောင် ဦးလေးကြီးက ခေါင်းညိတ်ပြကာ လိမ္မော်ပျိုးပင်လေးတွေ ပျိုးထားသောခြံတစ်ခုကို လိုက်ပြသည်။
အရင်ကတည်းက အဖေ့ခြံတွေကို အဖေတစ်ယောက်တည်းဦးစီးခဲ့ရပြီး ပျို လုပ်နိုင်လာတော့ အဖေသက်သာလာ၍ ဒီအလုပ်ထဲ သူအမြန်ဝင်လာခြင်းဖြစ်သည်။

ပြင်ဦးလွင်ခြံကိုရောက်တော့မှ ပျို့အိမ်လေးကိုတွေ့လိုက်ရ၍ အံ့သြသွားမိကာ ဒီအိမ်လေးကို အမြန်လက်စသပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဒါဆို ပျိုပြန်ရောက်လာရင် surpriseဖြစ်သွားမည်မဟုတ်လား...

"ဒီနေရာလေးကတော့ မဆိုးဘူးနော် မြေပြန့်လေးပဲ အနောက်မှာလည်း ပျို့အိမ်လေးကိုမြင်နေရတယ် မြက်ခင်းလေးဖြစ်အောင် မွေးထားပေးပါ ဦးလေး"

"ငါ့တူမှာရော စိတ်ကူးရှိလာလို့လား"

"အင်း.. အပင်လှလှလေးတွေစိုက်ချင်တယ် စင်လေးဆောက်ပြီးနွယ်ပင်လေးတွေ ထားလိုက်မယ် ခုံလေးတွေ ဘာလေးတွေနဲ့ဆို Weddingတို့ မွေးနေ့ပါတီတို့လုပ်လို့ရတယ်"

"ဟုတ်ပါပြီဗျာ အဲ့ဒါဆို မြက်ခင်းလေးဖြစ်အောင် မွေးထားလိုက်ဦးမယ် ငါ့တူက ကြာမှာလားဒီမှာ"

"ကြာဦးမှာ တောင်ကြီးကနေ အဖေပြန်ဆင်းလာမှ မန္တလေးကိုပြန်လိုက်သွားတော့မလို့ ခြံအလုပ်တွေကိုလည်း ကိုယ်တိုင်လုပ်ကြည့်ချင်သေးတယ်"

Let Me Adore YouWhere stories live. Discover now