Let Me Adore You - 17
✉✉✉✉✉✉✉✉✉✉✉✉"ဟိုဘက်ခြံကိုသွားကြည့်ဖို့မေ့နေဦးမယ် ထနောင်း"
"မမေ့ပါဘူး အဖေ ပျိုလိုက်မယ်ဆိုလို့ စောင့်နေတာ"
"ပျိုလေးအတွက်စီစဉ်ထားတာရော ပြောပြီးပြီလား ငါ့သား"
"မပြောရသေးဘူးအဖေ ခြံကအပြန်မှ တစ်ခါတည်းပြောပြလိုက်မလို့ ပြီးတော့သူဘယ်မှာနေချင်လဲ ကျွန်တော်မမေးရသေးဘူး"
"မင်းနောက်ကိုလိုက်နေခိုင်းပေါ့"
"Noပါ ကျွန်တော့်မိန်းမနေတဲ့ဆီကို ကျွန်တော်လိုက်နေမှာ သူ့ဘာသာနေချင်တဲ့နေရာမှာ နေပါစေ"
"မယက ကောင် ငါ့သိက္ခာကျလိုက်တာ"
"အဖေ့သမီးကိုကြောက်ရတာပဲ ဂုဏ်ယူလိုက်ပါ"
အဖေက ရယ်သံတစ်ချက်ဖြင့် မကြားတကြားဆဲကာ ဖုန်းချသွားတော့ သူက ဖုန်းထဲကိုဝင်ထားသည့် တောင်ကြီးခြံရဲ့စာရင်းတွေကို တစ်ချက်ကြည့်မိသည်။
ထိုအချိန် ပျိုက အပေါ်ထပ်မှ ခပ်သွက်သွက်လေးပြေးဆင်းလာပြီး သူ့အနားကိုလျှောက်လာ၍ လှည့်ကြည့်လိုက်သည်။ပျိုက ပန်းဆီရောင်ဂါဝန်အပျော့သားလေးဖြင့် ဖြူနုနေပြီး မျက်နှာလေးကိုတော့ ပန်းနုရောင်ပြေပြလေး လိမ်းချယ်ထားသည်။
ညှပ်ဖိနပ်အဖြူလေးကိုစီးကာ သူ့အနားရောက်လာပုံက သူစိုက်ကြည့်နေတာကိုလည်း ရှက်နေပုံလေး။"ဒီဇိုင်နာလို့မပြောရဘူး ဘာဝတ်ဝတ်လှတယ်"
စိတ်ပါလက်ပါချီးကျူးလိုက်သည့်အခါ ပျို့မျက်နှာလေးမော့လာပြီး သူ့လက်မောင်းကို လက်ကလေးဖြင့်ချိတ်ကာ ပါးလေးကပ်ထားသည်။
အရင်လိုသူငယ်ချင်းမဟုတ်တော့ဘဲ သူ့ဇနီးဖြစ်နေပြီမို့ သူမလေးက ချွဲတတ်နေပြီကိုး..."အရှေ့ဖျားက ခြံကိုသွားကြည့်မယ်ဆို ခုမသွားသေးဘူးလား"
"မင်းကိုခေါ်သွားသင့်လားလို့ တွေးနေတာ လမ်းရောလျှောက်နိုင်ပါ့မလားလို့"
"ထနောင်းနော်"
"ဟုတ်တယ်လေ ကိုယ့်အကြောင်းကိုယ်သိနေတော့ကျ"
အရှက်သည်းသွားသည့်မျက်နှာလေးက ပိုပြီးပန်းရောင်သမ်းသွား၍ သူ သဘောတကျရယ်ရင်း ပါးလေးကိုဆွဲဖဲ့ပစ်လိုက်သည်။
ကိုယ်ဆိုးတာ ကိုယ်သိနေပေမယ့် မထနိုင်လောက်တဲ့အထိ မကြမ်းတမ်းခဲ့တာကို ကိုယ်တိုင်သိနေခဲ့သည်လေ…
YOU ARE READING
Let Me Adore You
Romanceငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး... ခိုင်မာမြဲမြံတဲ့ သံယောဇဥ်တွေနဲ့ တည်ဆောက်ထားကြတဲ့ မိသားစုလေးကြားမှာ တတိယလူပေါ်လာတဲ့အခါမှာ... အိမ်ထောင်ရေးကိုအခြေခံထားတဲ့ ဇာတ်အိမ်လေးဖြစ်ပြီး လက်တွေ့ဘဝနဲ့ နီးစပ်အောင်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝကိ...