Let Me Adore You - 7
✉✉✉✉✉✉✉✉✉✉✉✉ကျောင်းတွေပြန်ဖွင့်ပြီမို့ ပျိုသည် မန္တလေးမှာပဲပြန်နေရကာ အဖေက ပျို့ကိုအလုပ်မလုပ်စေတော့ဘဲ ရှမ်းပြည်၊ ပြင်ဦးလွင်နှင့်တောင်ကြီးကို အထပ်ထပ်အခါခါကူးသန်းနေ၏။
ပျိုကတော့ အန်တီမေနှင့်သာ မန္တလေးမှာနေရပြီး အန်တီမေ့အတွက် ကူဖော်လောင်ဘက်ဖြစ်လာခဲ့ကာ လူငယ်ရေးရာကို သိပ်စိတ်မဝင်စားသောအန်တီမေ့ကြောင့် မောင်နဲ့တွေ့ဖြစ်သည့်တိုင် အန်တီမေမသိ။ဒီနှစ်တော့ ပျိုတို့ Finalကျောင်းသားတွေသည် အနောက်ကျောင်းသားရေးရာ၏ အနောက်ဘက်ကပ်လျက်ရှိအဆောင်သစ်မှာတက်ရပြီး ရသတို့ ICတွေက ထုံးစံအတိုင်း ချောင်ထဲမှာဖြစ်သည်။
ထို့ကြောင့် မောင့်ရဲ့စာသင်ခန်းသည် ပျို့ရဲ့စာသင်ခန်းနှင့် CR 3ခုစာ ခြားနားသွား၍ အလှမ်းဝေးသွားခဲ့သည်။
မောင့်ရဲ့စာသင်ခန်းကို ပျိုမရောက်ဖြစ်တော့ဘဲ ပျို့ရဲ့စာသင်ခန်းမှာသာ မောင့်ခြေရာတွေထပ်နေတော့၏။"ဟိုဘက်အဆောင်ကကောင်တွေ မ ကို သိပ်ရှိုးကြတာပဲ စိတ်မချပါဘူးဆိုနေမှ သေချင်လို့လား ဒီကောင်တွေက"
"မောင်နော် ဘယ်လိုဖြစ်နေတာလဲ ဏီ့ကိုကြည့်တာနေမှာပါ ဏီက Queenဥစ္စာ"
"ICတွေကိုလည်း ဒီဘက်ရွှေ့ပေးရင်ကောင်းမယ်"
"မကောင်းဘူး မောင်နဲ့ အမြဲတမ်းမတွေ့ချင်ဘူး ဒီလောက်ဆိုးဝါးတာ"
"မရပါဘူး မောင်က မ,နောက်ကိုလျှောက်လိုက်နေမှာ"
တကယ်လည်း မောင်သည် ပြောစကားအတိုင်း ပျို့နောက်လိုက်နေကာ သူ့အတန်းကိုပင် သိပ်မတက်ချေ။
ပျိုအပြင်သွားချင်တိုင်း သူကအဆင်သင့်ရှိနေတတ်သလို ပျို မုန့်စားချင်လျှင်လည်း ချက်ချင်းသွားဝယ်ပေးတတ်သည်။
တစ်ခါတစ်လေ ပြောမရဆိုမရ တဇွတ်ထိုးဆန်ဆန်ဆိုးတာကလွဲလျှင် ပျို့အပေါ်သိပ်ချစ်တတ်သည့်ကောင်လေး။"မယ်ပျိုတို့များ လိုတရမင်းသမီးဖြစ်နေတော့တာပဲ"
ဏီ့ရဲ့စကားက အနှောင့်မလွတ်အသွားမလွတ်ဘဲ ထနောင်းနှင့်သာသဘောတူသော နွယ့်ကိုလည်း စောင်းမြောင်းပြောဆိုချင်ပုံရှိသည်။
နွယ်ကတော့ ဏီ့ရဲ့စကားကိုမကြားသလိုလုပ်နေကာ မောင်နဲ့တွဲကတည်းက ပျို့ကိုနည်းနည်းစိမ်းကားနေတော့၏။
နွယ်နဲ့ ထနောင်းကလည်း သူငယ်ချင်းတွေပဲမို့ ထနောင်းအပေါ်ကတိဖျက်မိသော ပျို့ကို နွယ်ဟာ စိတ်ကောက်နေဟန်…
YOU ARE READING
Let Me Adore You
Romanceငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး... ခိုင်မာမြဲမြံတဲ့ သံယောဇဥ်တွေနဲ့ တည်ဆောက်ထားကြတဲ့ မိသားစုလေးကြားမှာ တတိယလူပေါ်လာတဲ့အခါမှာ... အိမ်ထောင်ရေးကိုအခြေခံထားတဲ့ ဇာတ်အိမ်လေးဖြစ်ပြီး လက်တွေ့ဘဝနဲ့ နီးစပ်အောင်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝကိ...