Let Me Adore You - 5
✉✉✉✉✉✉✉✉✉✉✉✉"မ ကျွန်တော့်ကိုအဖြေမပေးသေးဘူးလား"
ဦးပိန်တံတားပေါ်ရောက်လာတော့ ရသက ဂျစ်ကန်ကန်ဖြင့်စကားစလာ၍ ပျို နှာခေါင်းရှုံ့ပစ်ရင်း ခေါင်းခါပြလိုက်သည်။
ပျို ရသကိုရင်ခုန်ပါသည်။
သို့ပေမယ့် တဇွတ်ထိုးဆန်လွန်းသော ရသရဲ့စရိုက်ဟာ ထနောင်းနဲ့ဘယ်လိုမှ အဆင်ပြေမှမဟုတ်တာကြောင့် ထိုရင်ခုန်သံတွေကိုလည်း လိုက်ပါပြီးမစီးမျောချင်။
နွယ်ကတော့ ပျိုတို့အကြောင်းသိနေသူမို့ ရသကိုမတွဲဖို့ပြောပေမယ့် ဏီကတော့ ရသဘက်ကဖြစ်ကာ ချစ်စရာရှိလာလျှင် ချစ်ပစ်ဖို့ ခဏခဏတိုက်တွန်းတတ်၏။"တတိယနှစ်တောင် စာမေးပွဲရောက်နေပြီ ပျိုရယ် နင်တွဲမှာဖြင့်လည်းတွဲလိုက်တော့"
"မတွဲပါဘူး သူ့ဘာသာလိုက်ကပ်နေတာ ငါလောက်ငြင်းတာလည်း ငါပဲရှိတယ်"
"ဟုတ်တယ် အပြတ်သာငြင်း"
နွယ်က ပျို့ကိုမြှောက်ပေးတိုင်း ဏီကနှစ်ယောက်လုံးမျက်စောင်းထိုးနေကျ။
အခုလည်း ပျို့ဆီက ဘာစကားသံမှထွက်မလာတော့ ရသဆီက သက်ပြင်းတစ်ချက်ချသံ ကြားလိုက်၏။"ကျွန်တော် ထနောင်းညိုနဲ့ အဆင်မပြေဖြစ်မှာစိုးနေတာလား မ"
ဒါကိုလည်း ဏီပြောထား၍ ရသ,သိနေလောက်ကာ ထိုစိုးရိမ်စိတ်ကတော့ အမှန်ပဲမို့ ပျို ခေါင်းလေးညိတ်ပြလိုက်သည်။
တကယ်လည်း ပျို့ကို အလိုလိုက်ယုယသောထနောင်းကို စိတ်မညစ်စေချင်သလို ရသကြောင့်လည်း အဖေစိတ်ညစ်မှာကိုလည်းမမြင်ချင်။
ထနောင်းနှင့်အဖေဟာ ပျို့ရဲ့ဘဝမို့ ပျိုတတ်နိုင်သည့်ဘက်က သိတတ်ချင်သည်။"ကျွန်တော် အဆင်ပြေအောင်နေပါ့မယ် မ ထနောင်းညိုနဲ့ရော မရဲ့အဖေနဲ့ပါ အဆင်ပြေအောင်နေပါ့မယ် အဲ့လိုဆိုရင်ရော"
"နင် နေနိုင်မှာမို့လို့လား ရသရယ် နင်ခုလိုဆိုးတာမျိုးတွေကို ငါလည်းမကြိုက်ဘူး နင့်ပုံစံက ငါနဲ့Matchမဖြစ်ဘူး ငါနဲ့ Matchမဖြစ်ရင် အဖေနဲ့ထနောင်းဆိုတာကို ထည့်မပြောနဲ့"
"အဲ့ဒါဆို မ,သဘောကျ ကျွန်တော်နေပါ့မယ် မ,မကြိုက်တာကိုပြောပြလေ ချက်ချင်းပြုပြင်လို့မရတောင် ဖြည်းဖြည်းချင်းပြုပြင်ပေးမှာပေါ့ ကျွန်တော့်အတွက် မ,စကားတစ်ခွန်းပဲလိုတာ"
YOU ARE READING
Let Me Adore You
Romanceငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး... ခိုင်မာမြဲမြံတဲ့ သံယောဇဥ်တွေနဲ့ တည်ဆောက်ထားကြတဲ့ မိသားစုလေးကြားမှာ တတိယလူပေါ်လာတဲ့အခါမှာ... အိမ်ထောင်ရေးကိုအခြေခံထားတဲ့ ဇာတ်အိမ်လေးဖြစ်ပြီး လက်တွေ့ဘဝနဲ့ နီးစပ်အောင်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝကိ...