16

10.9K 338 15
                                    




Let Me Adore You - 16
✉✉✉✉✉✉✉✉✉✉✉✉

"ထနောင်း"

ပျို့အသံလေးကြားလိုက်ရ၍ လှည့်ကြည့်မိတော့ သူမက ညဝတ်ဂါဝန်လေးဖြင့် သူ့အနားလျှောက်လာပုံက ချစ်စဖွယ်လေးဖြစ်သည်။
ထို့ကြောင့် Laptopကိုခဏပလစ်ကာ သူမကိုသာ ငေးကြည့်နေမိသည်အထိ…

"ဘာလို့အလုပ်တွေ ထလုပ်နေတာလဲဟင်"

"တရေးနိုးလာလို့ပါ ခြံစာရင်းတွေလည်း မစစ်တာကြာနေတော့ အဲ့ဒါလည်းလုပ်လိုက်ချင်လို့"

"ဒါပေမယ့်အိပ်ချိန်ကြီးလေ အခုမှ၂နာရီခွဲပဲရှိသေးတာ"

"ဟုတ်ပါပြီ ကိုယ်က ဒီအတိုင်းနိုးလာရင်း မျက်စိကြောင်သွားလို့ပါ"

သူ ထိုင်ရာမှထရပ်ရင်း ပျို့ပါးလေးကိုဆွဲဖဲ့ကာ ချော့သလိုပြောလိုက်ပေမယ့် ထိုစကားတွေသည် အလိမ်အညာစကားတွေသာဖြစ်သည်။
ချစ်ရသောမိန်းကလေးကို ရင်ခွင်ထဲပွေ့ဖက်ကာ ဘာမှမထိမတို့ရဘဲ သူ မနေနိုင်။

တစ်ဖက်မှာလည်း ပျိုက ပင်ပန်းနေသောကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၍ သူ့ဆန္ဒကိုသာ ကြိတ်မှိတ်မျိုသိပ်ထားခဲ့ရ၏။
တစ်နေကုန်ပင်ပန်းထားသော ပျို့ကို နောက်ထပ်မပင်ပန်းစေချင်…

"ထနောင်း မအိပ်ချင်သေးဘူးလား ဘာစားချင်လဲ ပျိုတစ်ခုခုလုပ်ပေးရမလား"

"ရတယ် နေပါ အိပ်ရအောင်"

"တကယ်ရလို့လား"

ပျို့မျက်နှာလေးက ပကတိရိုးသားစွာမေးလာတော့ လိမ်ညာလိုက်ရမလားဟု စိတ်ကူးမိသေးသည်။
အိပ်ရေးဝသွားပုံရသည့် မျက်နှာလေးက လန်းဆန်းကြည်လင်နေပြီး အနီးကပ်မြင်နေရသော သူ့ရင်ခုန်သံတွေကို အမြင့်ဆုံးထိဆွဲတင်နေ၏။
ရင်ခုန်သံတွေကြား အလဲလဲအပြိုပြိုဖြစ်သွားခဲ့ပြီး တံတွေးတစ်ချက်မျိုချလိုက်ရင်း ပျို့ကိုကြည့်ကာ…

"ကိုယ်.."

သူမကလည်း ဘာလဲဆိုသည့်အကြည့်တွေဖြင့် ကြည့်လာတော့ သူခေါင်းခါပြရင်း မျက်နှာလွှဲလိုက်သည်။
ပျိုက သူမျက်နှာလွှဲရာဆီသို့ လိုက်ငုံ့ကြည့်ကာ သူဘာဖြစ်နေသလဲဟု အဖြေရှာနေဟန်…

Let Me Adore YouWhere stories live. Discover now