Let Me Adore You - 2
✉✉✉✉✉✉✉✉✉✉✉✉"သက်သာရဲ့လား အဖေ"
အဖေ့နဖူးပေါ်ကို ရေစိုဝတ်လေးတင်ပေးရင်း ပျိုမေးလိုက်သည့်အခါ အဖေကဖျော့တော့သောမျက်နှာဖြင့် ခေါင်းညိတ်ပြသည်။
ဒီလိုမျိုး အဖေနေမကောင်းသည့်အခါတိုင်း ပျိုငိုပစ်ချင်ပေမယ့် သူမ,ငိုတိုင်း အရင်လိုချော့မည့်ထနောင်းက အနားမရှိတော့ပြီ။
ရေခြားမြေခြားမှာ တစ်ကိုယ်တည်းနေသောသူ့ကို စိတ်ပူနေမှာစိုး၍ အဖေက နေမကောင်းသည့်အကြောင်းကိုပင် ပျိုဟာ ပြောမထားခဲ့။"အဖျားတော့ကျသွားပါပြီ ပျို စာရင်းလုပ်လိုက်ဦးမယ် အဖေလိုတာရှိရင်အသံပေးလိုက်နော် ပျို ဒီနားမှာပဲနေမှာ"
"အေးပါကွယ် ငါ့သမီးလေး ပင်ပန်းရှာတယ်"
အဖေ့ရဲ့စာရင်းတွေက ကိုက်မကိုက် တိုက်စစ်ရုံသာစစ်ရသည်မို့ သိပ်အခက်ကြီးလည်းမဟုတ်ဘဲ ပျိုလည်းကူလုပ်နေကျမို့ နားလည်နေပြီဖြစ်သည်။
အဖေက လက်ဖက်နှင့်လိမ္မော်ကို အဓိကထားစိုက်ပျိုးပြီး Exportလည်းလုပ်တာမို့ အဖေ့စာရင်းတွေကို ပျို အေးအေးဆေးဆေးလုပ်ပေးနိုင်သည်။"ထနောင်းဖုန်းဆက်သေးလား ပျိုလေး"
"မဆက်သေးဘူး အဖေ သူစာတမ်းတင်ရမယ်လို့တော့ပြောတယ် အဲ့ဒီအတွက်မအားသေးလို့နေမှာ"
"လိုတာရှိရင်လှမ်းမှာဖို့ ပြောလိုက်ဦး ကျန်းမာရေးကိုဂရုစိုက်ဖို့လည်း.."
"အဖေပဲဂရုစိုက်ပါ ထနောင်းနဲ့ပျိုက လိုင်းပေါ်မှာ အမြဲစကားပြောဖြစ်ပါတယ် ပြီးတော့ သူကလူငယ် လိုအပ်တာရှိရင်သူ့ဘာသာလုပ်နိုင်တယ်
အဖေနေမကောင်းမှန်းသိရင်သာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမှာ အဲ့ဒါကြောင့် အဖေ ထနောင်းကိုစိတ်ပူရင် ကိုယ့်ကိုယ်ကိုပိုဂရုစိုက်""ဟုတ်ပါပြီဗျာ နောက်ဆိုဂရုစိုက်ပါ့မယ် စာရင်းတွေကရော ရရဲ့လား ပျိုလေး ညစာရောစားပြီးပြီလား"
အဖေသည် ပျို မှတ်မိတတ်ကာစအရွယ်ကတည်းက ပျိုလေးဟုသာ ချစ်စနိုးခေါ်တတ်ပြီး ထနောင်းနှင့်တန်းတူ ပျို့ကိုချစ်တတ်သည်။
မွေးစားအဖေဟုလည်း မထင်ရအောင် မြင်လိုက်၊ကြားလိုက်ရသော ပျို့ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေမှာ ဂရုတစိုက်ဖေးမစောင့်ရှောက်တတ်သည်။
ပျို့ဘဝမှာ အဖေ့လိုအားကိုးရမည့်သူမရှိတာမို့ အဖေသည် ပျို့အတွက် မိဘအရင်းသဖွယ်…
YOU ARE READING
Let Me Adore You
Romanceငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး... ခိုင်မာမြဲမြံတဲ့ သံယောဇဥ်တွေနဲ့ တည်ဆောက်ထားကြတဲ့ မိသားစုလေးကြားမှာ တတိယလူပေါ်လာတဲ့အခါမှာ... အိမ်ထောင်ရေးကိုအခြေခံထားတဲ့ ဇာတ်အိမ်လေးဖြစ်ပြီး လက်တွေ့ဘဝနဲ့ နီးစပ်အောင်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝကိ...