Let Me Adore You - 3
✉✉✉✉✉✉✉✉✉✉✉✉ဒီနေ့တော့ ပျို့ရဲ့အတန်းချိန်ဟာ ၁၀နာရီခွဲမှရှိတာမို့ ပျိုနဲ့ဏီတို့နှစ်ယောက် ကဲန်တင်းမှာထိုင်ရင်း အချိန်ဖြုန်းနေကြသည်။
အချိန်ဖြုန်းသည်ဆိုတာထက် ပျိုက လိုင်းပေါ်မှာ ထနောင်းနဲ့စကားပြောနေခြင်းဖြစ်ပြီး ထနောင်းပို့ထားသည့်ပုံတွေကို ကြည့်နေမိသည်။
စိမ်းစိုနေသောအပင်တွေနောက်ခံဖြင့် အလက်စကန်ခွေးကြီးတစ်ကောင်ကို မနိုင်မနင်းပွေ့ချီရင်း သဘောတကျရယ်နေသော ထနောင်းရဲ့ဓာတ်ပုံက အပြစ်ကင်းစင်သော ကလေးတစ်ယောက်လိုပင်။ကြည်လင်ချောမွေ့သောမျက်နှာက ပါးချိုင့်ရေးရေးလေး ထင်းနေကာ ဖြူဖွေးညီညာသောသွားစွယ်လေးတွေဖြင့် ထနောင်းကပိုပြီး ကြည့်ကောင်းနေခဲ့သည်။
ထို့နောက် အဖွဲ့လိုက်ပုံပို့လာတော့လည်း အသားညိုသည့်ထနောင်းက လူဖြူတွေကြားမှာထင်းနေကာ နဂိုကတည်းကလည်းလူချောမို့ အဖွဲ့တစ်ဖွဲ့လုံးမှာ သူသည်ထင်ပေါ်နေ၏။"So sweet"
"နင်ရော ကျောင်းမှာဘယ်လိုလဲ 3rd yearတောင်ရောက်နေပြီ စာတွေကရော"
"အေးဆေးပါ နင့်ကိုပြောမလို့ ထနောင်း ငါDesignerသင်တန်းတက်ရရင် ကောင်းမလားလို့"
"အင်း တက်ချင်တယ်ဆိုတက်လေ နင်စိတ်ဝင်စားတယ်မလား အဖေကဘာပြောလို့လဲ"
"အဖေကခွင့်ပြုမှာပါ ငါက နင်နဲ့အရင်တိုင်ပင်တာ"
"လုပ်ပါ ဒီဇိုင်နာဆိုငါလည်းသဘောကျတယ် ဝတ်စုံချုပ်ရင် နင့်ကိုပဲနားပူရတာပေါ့ ပိုက်ဆံလည်းမကုန်ဘူး လှလှပပလည်းဝတ်ရဦးမယ် အေးဆေး"
"အံမယ် Go to hell ချီးထုတ်"
စကားပြောရင်းမှ နာရီကိုငုံ့ကြည့်မိတော့ ၁၀နာရီခွဲတော့မှာမို့ ထနောင်းကိုနှုတ်ဆက်ကာ ပိုက်ဆံရှင်းပြီးအတန်းကိုထွက်လာခဲ့ကြသည်။
ပျိုတို့ထဲတွင် Chemistry Queenဖြစ်သော ဏီက လမ်းသွားနေရင်း မိတ်ကပ်လိမ်းလာသည်ကိုလည်း မငြိုမငြင်ဆွဲခေါ်လာရသေး။"မ"
ထိုအသံကြောင့် ပျို တွန့်ခနဲဖြစ်သွားပြီး တစ်စုံတစ်ယောက်ကိုသတိရလိုက်၍ နောက်ကိုပြန်လှည့်ကြည့်မိတော့ ပျို့ကိုဝင်တိုက်ခဲ့သည့် ကောင်လေးပင်။
ဆံပင်တိုတွေကိုထောင်ထားပြီး ပျို့ကိုကြည့်နေသည့်အကြည့်တွေက ဟိုတစ်ရက်ကအတိုင်း စူးရဲလွန်းသည်မို့ ရင်ထဲဒိန်းခနဲဖြစ်သွားသည်။
ဂျစ်ကန်ကန်ပုံစံနှင့် ပြုံးပြနေသည့်ထိုကောင်လေးကြောင့် ပျို အပြေးလေးထွက်သွားဖို့ပြင်တော့ သူက ပျို့လက်တစ်ဖက်ကို ဆွဲယူ၏။
YOU ARE READING
Let Me Adore You
Romanceငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး... ခိုင်မာမြဲမြံတဲ့ သံယောဇဥ်တွေနဲ့ တည်ဆောက်ထားကြတဲ့ မိသားစုလေးကြားမှာ တတိယလူပေါ်လာတဲ့အခါမှာ... အိမ်ထောင်ရေးကိုအခြေခံထားတဲ့ ဇာတ်အိမ်လေးဖြစ်ပြီး လက်တွေ့ဘဝနဲ့ နီးစပ်အောင်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝကိ...