Let Me Adore You - 11
✉✉✉✉✉✉✉✉✉✉✉✉"ဆိုတော့ သမီးရယ် ထနောင်းကို အန်တီမေ မကြည့်ရက်ဘူး သမီးလည်း အဲ့လိုမျိုးကြည့်ရက်မယ်မထင်ပါဘူး"
ပျိုသက်ပြင်းလေးချလိုက်ကာ လက်ထဲကခဲတံကို စားပွဲပေါ် အသာလေးချလိုက်သည်။
ထနောင်းရင်ထဲမှာ ထိုမျှအထိအမြစ်တွယ်နေမှန်း မသိပေမယ့် အန်တီမေကတော့ ပျိုလက်ခံလိုက်ဖို့ အလိုရှိနေမှန်းသိသည်။
အဖေရော၊ ထနောင်းပါ ဒီကိစ္စကိုပြန်အစမဖော်တော့၍ ပျို့မှာ စိတ်အေးလက်အေးရှိနေချိန် အန်တီမေက ကလေးလိုဂျီကျနေပြန်သည်။"ဟိုကောင်လေးနဲ့ သဘောမတူချင်ဘူးနော် ပျို ဒီကလေး မယူခင်ကတောင် လက်ရဲဇက်ရဲနဲ့ ခြံထဲကိုလာသောင်းပျန်းသွားတာ ယူများသာယူပြီးရင်တော့လား"
"ပျို သူနဲ့ပြတ်ပါပြီ အန်တီမေရဲ့"
ဒီစကားကိုတော့ ပျို သေချာပိုင်နိုင်စွာ ပြောရဲပြီဖြစ်သည်။
ကိုယ့်ဘက်ကလည်း ဆက်ရန်မရှိသလို ရသသည်လည်း အခုထိအဆက်အသွယ်မလုပ်တာမို့ ပျိုတို့ပြတ်ကြပြီဟုသာ တရားသေယူဆလိုက်တော့၏။"ပြတ်ပြီဆို မင်းညိုရဲ့စကားကိုပဲ နားထောင်လိုက်ပါလား ပျိုရယ် ထနောင်းကို တခြားမိန်းကလေးနဲ့တွဲပြီး မမြင်ချင်ဘူး ပြန်စဥ်းစားကြည့်ပါဦး တို့မိသားစုလေး မပြိုကွဲတော့ဘူးလေ ဒါပျို့ဆန္ဒမဟုတ်ဘူးလား"
အန်တီမေက ပျို့ရဲ့အားနည်းချက်ကို လက်နဂာ်တစ်ခုလိုအသုံးချပြီး စကားအဖြစ်ပြောထွက်လာတော့ ပျို့ရင်ထဲလှုပ်ခတ်သွားသည်။
ပျိုတောင်မှ ရသလိုသဝန်တိုစိတ်ပြင်းပြပြီး ထနောင်းကို အသားလွတ်မုန်းတီးနေသည့်လူနှင့်ဆုံသေးကာ ထနောင်းရော၊ ပျို့ကိုမုန်းသည့်မိန်းမနှင့် မဆုံနိုင်ဘူးလို့ အာမ မခံနိုင်..."ဒါပေမယ့် အန်တီမေရယ်"
"အန်တီမေ ဇွတ်မတောင်းဆိုပါဘူး ခလေးရယ် ပျို့ဆန္ဒကိုလည်းသိပါတယ် ဒါပေမယ့်အန်တီမေပြောနေတာက ထနောင်းရဲ့ဆန္ဒ၊ မင်းညိုရဲ့ဆန္ဒ ပြီးတော့ အန်တီမေ့ရဲ့ဆန္ဒလည်းပါတယ်လေ"
ပျို မငြင်းရက်လောက်အောင်အထိ အန်တီမေက သိမ်းသွင်းပြောဆိုနေ၍ ခေါင်းမခါနိုင်စိတ်ဖြင့် ရုတ်တရက်မွှန်းကြပ်သွားမိသည်။
စိတ်လေပြီးထွေပြားနေချိန်မို့ ပျိုသည် ဘာကိုမှရေရေရာရာမဆုံးဖြတ်နိုင်သလို ဘာပြန်ပြောလိုက်ရမလဲမသိ...
YOU ARE READING
Let Me Adore You
Romanceငယ်စဥ်ကတည်းက အတူကြီးပြင်းခဲ့တဲ့ ကောင်လေးနဲ့ကောင်မလေး... ခိုင်မာမြဲမြံတဲ့ သံယောဇဥ်တွေနဲ့ တည်ဆောက်ထားကြတဲ့ မိသားစုလေးကြားမှာ တတိယလူပေါ်လာတဲ့အခါမှာ... အိမ်ထောင်ရေးကိုအခြေခံထားတဲ့ ဇာတ်အိမ်လေးဖြစ်ပြီး လက်တွေ့ဘဝနဲ့ နီးစပ်အောင်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘာဝကိ...