9

5.9K 215 1
                                    

Let Me Adore You - 9
✉✉✉✉✉✉✉✉✉✉✉✉

"အစစအရာရာ အားလုံးအဆင်သင့်ဖြစ်ပြီနော် ပျိုလေး"

"ဟုတ်.. ဖြစ်ပါပြီ အဖေ"

ထနောင်းဆီသို့ အဖေလိုက်မသွားခင် ပျိုကအရင် ပြင်သစ်ကိုသွားမှာမို့ ဗီဇာကအစ နေဖို့ထိုင်ဖို့အဆုံး ထနောင်းကစီစဥ်ပေးထား၏။
ဘယ်သင်တန်းမှာ တက်ရမည်ဆိုတာလည်း မသိရသေးသလို နေဖို့ဘယ်လိုစီစဥ်ပေးထားမှန်းလည်း ပျိုသေချာမသိရ။
သို့ပေမယ့် အဆင်ပြေပါ့မလားဟု သံသယသေးသေးလေးတောင် မဝင်မိသည်က ထနောင်းအပေါ်ထားသည့် ယုံကြည်ချက်ကြောင့်ဆိုရင် ပျိုမှားမည်မထင်ပါ။

"ပျို သမီး"

"ဟုတ်ကဲ့ အန်တီမေ"

ပျို့ရဲ့မွေးစားအမေဖြစ်သော အန်တီမေသည် လေးနက်သောအကြည့်တွေဖြင့် ပျို့ကိုကြည့်နေ၍ မနေတတ်ဖြစ်သွားမိစဥ် အန်တီမေ့ဆီက သက်ပြင်းချသံသဲ့သဲ့ကြားလိုက်သည်။
အန်တီမေဟာ ပျို့ကိုများ စိတ်မချဖြစ်နေသလား...

"ပျိုလေး အခုတွဲနေတဲ့ကောင်လေးကို လက်ထပ်ဖို့အထိစဥ်းစားထားသလား"

မထင်မှတ်ထားသောမေးခွန်းမို့ ပျို နှုတ်ခမ်းလေးပွင့်ဟကာ အန်တီမေ့ကို အူကြောင်ကြောင်ဖြင့် ပြန်ကြည့်လိုက်မိသည်။
ရသကိုလက်ထပ်ဖို့အထိတော့ ပျိုမစဥ်းစားရသေးဘဲ လက်ရှိအချိန်ထိရည်ရွယ်ထားသည်က ရသရဲ့အကျင့်ဆိုးတချို့ကို ပြင်ယူပြီး အဖေနှင့်ထနောင်းရှေ့ကိုခေါ်လာဖို့ တစ်ခုတည်းသာ။
မောင့်ကိုချစ်တော့ချစ်ပေမယ့် မဖြစ်မနေ လက်ထပ်ချင်တာမျိုးလည်းမဟုတ်သောကြောင့် ပျို ခေါင်းလေးခါပြလိုက်ကာ…

"မစဥ်းစားရသေးပါဘူး အန်တီမေ"

"ထနောင်းကို မစဥ်းစားရလောက်တဲ့အထိ အဲ့ဒီကောင်လေးက ဘာတွေများပြည့်စုံနေလို့လဲ"

"ရှင်!! မဟုတ်ပါဘူး ပျိုက"

"သမီးလေး ထနောင်းကိုခင်တွယ်တယ်ဆိုတာ အန်တီမေလည်းသိပါတယ် ကိုယ့်တူလေးမို့ ကိုယ်ပြောတာမဟုတ်ပါဘူး ထနောင်းမှာ ဘာလိုအပ်ချက်တွေရှိနေလို့ လက်မထပ်ချင်တာလဲ"

ချောင်ပိတ်မေးနေသည့် ထိုစကားတွေကို ပျိုဘာမှပြန်မဖြေနိုင်သလို ဘာကြောင့်ဟုအဖြေလည်းမရှိ၌ ပျိုမျက်နှာလေးလွှဲကာ နှုတ်ခမ်းလေးကိုက်ထားမိသည်။
ထနောင်းမှာ ဘာလိုအပ်ချက်မှမရှိသလို ပျိုလည်း ထနောင်းကို အလွန်တွယ်တာမိပါသည်။
သို့ပေမယ့် ပျိုတွယ်တာမိသည်က သွေးသားရင်းချာတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လိုမို့ ဒီ့ထက်လည်းမပိုဟု ပျိုထင်မိသည်။

Let Me Adore YouWhere stories live. Discover now