Chapter-1 (Zawgyi)

374 9 0
                                    


Vegas's pov (လွန်ခဲ့သော ၂ နှစ်ခန့်က)

အဖေကငါနဲ့Macauနဲ့ကို မိသားစုကြီးဆီကိုခေါ်သွားခဲ့တယ်
အဲ့ဒီ့နေရာနဲ့ငါနဲ့က လိုက်လျောညီထွေမှုမရှိတာမို့ မသွားချင်ပေမဲ့လဲ မသွားရင်အဖေကဆူပူကြိမ်းမောင်းမှာမို့ ငါဘာမှမတတ်နိုင်ခဲ့ဘူး

ငါ့အသက်၂၀ရှိပြီ တက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတာ ငါနဲ့အမြဲယှဉ်ခံနေရတဲ့ Kinnနဲ့အတူတူပဲပေါ့
တကယ်တမ်းအစကတော့ ငါဂရုမစိုက်ခဲ့ဘူး ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ အဖေ့ရဲ့စကားတွေက ငါ့အသွေးထဲအသားထဲထိ နစ်ဝင်သွားခဲ့ရတယ်

ကဲ့ရဲ့ခံရမှာကြောက်တာကြောင့် ခံစားချက်တွေကိုဘယ်လိုဖိနှိပ်ရမလဲဆိုတာကို သင်ယူခဲ့တယ် ငါ့စိတ်အခြေအနေမကောင်းရင် ခန္ဓာကိုယ်ကထုံကျဉ်လာတတ်တယ်(ကိုယ့်အသားကိုယ်နာအောင်လုပ်တာလို့ဆိုလိုတာပါ)

ငါ့ညီလေး Macauကိုတော့ ငါတကယ်ဂရုစိုက်တယ် ကံကောင်းတာက အဖေကMacauကိုငါ့လိုမျိုးနှိပ်စက်မှုတွေ ဘာမှမလုပ်ခဲ့ဘူး

"Hia Tankhunက ကျွန်တော့်ကို ဒဏ်ရာရအောင်လုပ်နိုင်လားဟင်"
Macauကငါ့ကိုတိုးတိုးလေးလာပြောလာတာမို့ ငါခေါင်းကိုခါရမ်းပြပြီး အသာလေးဆွဲဖက်ပေးတယ်

"Hia ရှိနေသရွေ့ မင်းထိခိုက်မှာမဟုတ်ဘူး" ပြောရင်းငါ့ညီရဲ့ခေါင်းလေးကိုပါ အသာလေးပုတ်ပေးလိုက်တယ်

ငါတို့ မိသားစုကြီးရဲ့ အိမ်ကိုရောက်တော့ ကွင်းပြင်မှာလေ့ကျင့်နေကြတဲ့ သက်တော်စောင့်တွေကို တွေ့ရတယ်
ဒီမိသားစုကလဲ တကယ်ရက်စက်လွန်းတယ် တစ်ချို့သောလူတွေဆို Macauထက်တောင် ငယ်တာမို့
ငါသက်ပြင်းပဲချမိတယ်

ငါတို့အိမ်ထဲကိုစဝင်လိုက်တာနဲ့ TankhunကMacauကိုဒေါသတကြီးနဲ့ စိုက်ကြည့်နေခဲ့တာမို့ ငါ့ရဲ့လက်တွေကို Macauရဲ့ပခုံးပေါ်တင်လိုက်ပြီး ဂုဏ်ယူတဲ့မျက်နှာမျိုးနဲ့ Kornရုံးခန်းဆီကို ဦးတည်လိုက်တယ်
Kornဆီရောက်တော့ သူ့ဘေးမှာKinnကိုတွေ့ရတယ်
Kimhanကိုတော့လုံးဝ မတွေ့ရဘူး အဲ့အကောင်ကိုတွေ့ရတာ ရှားတယ်

အဖေနဲ့Kornနဲ့က မျက်လုံးချင်းဆုံလိုက်တိုင်း သူတို့ကြားကတင်းမာမှုတွေကို အထင်းသားမြင်နိုင်တယ်

Bound By Blood (Vegaspete)Where stories live. Discover now