Chapter-18 (Zawgyi)🔞

204 5 0
                                    


Vegas's pov

ကိစ္စတွေပြီးဆုံးသွားခဲ့တာ ၂လကြာသွားပြီမို့အစစအရာရာလဲ အေးချမ်းသွားခဲ့ပြီ အဖေ့ရဲ့ဈာပနပွဲကိုလဲ Peteကပဲဦးစီးပြီး လုပ်ဆောင်ပေးခဲ့တယ် မိသားစုကြီးနဲ့လဲ အကုန်အဆင်ပြေသွားပါပြီ

1လ ကျော်ကျော်လောက်ထိ Kinnကိုငါမခေါ်ဘူး Peteကိုဒဏ်ရာရအောင်လုပ်ထားတာမို့

Tankhunနဲ့ Porsche က Peteဆီကိုနေ့တိုင်းကိုလာလည်နေကြတာပဲ ပြီးတော့ငါနဲ့Peteကြားကိုလဲ သွေးဝင်ဝင်ထိုးတတ်ပေမဲ့ Peteကတော့အမြဲပြုံးရယ်လျက်ပါ

Peteကငါ့အတွက် ထူးခြားမှုတွေနဲ့ပြည့်နေတဲ့ နေရောင်ခြည်လေးပါဆိုပြီး တင်စားပြလိုက်ပေမဲ့လဲ မယုံကြတဲ့အပြင်ကိုမှ အူတက်နေအောင်ခွီးသွားကြသေးတယ် အဲ့ဒါကြောင့်သူတို့လာတိုင်းလဲ ငါကနှင်ထုတ်ပစ်တယ်

Kinnကတော့ ငါ့ဆီကိုအရက်သောက်ချင်မှလာလည်လေ့ရှိတယ် သောက်ပြီးတိုင်းလဲ Porscheနဲ့သူ့ရဲ့ဇာတ်လမ်းတွေကို အထပ်ထပ်အခါခါပြောပြတတ်ပေမဲ့လဲ ငါကအာရုံမရတာမို့ ပြန်မေးရင်ဘာမှမသိဘူး

ငါ့ဘေးနားလာပြီးပေါက်ပေါက်ဖောက်နေရင်အသေမုန်းတာ Peteကတော့ချွင်းချက်ပေါ့ Peteနဲ့ငါနဲ့တွေ့ဆုံခဲ့တဲ့3နှစ်ကျော်မှာ Peteဘာတွေပြောခဲ့လဲ တစ်ရေးနိုးထမေးလဲ ငါအကုန်မှတ်မိတယ် အဲ့လောက်ထိငါသူ့ကိုအလေးထားတယ်

"ငါ့အကြောင်းကြီးပဲအမြဲပြောနေရတာ မင်းရောPeteနဲ့ဘယ်လိုဆုံကြလဲပြောပြအုံး"

ငါ့အတွေးတွေကိုKinnရဲ့အမေးကဖြတ်တောက်လိုက်တယ် Kinnရဲ့မေးခွန်းကိုကြားကြတာနဲ့ TankhunရောPorscheကပါ ငါ့ဘက်ကိုကြည့်လို့အကုန်လုံးကငါ့ကိုပဲအာရုံစိုက်နေကြတယ်

"ငါတို့ဆုံတွေ့မှုကိုပြောပြရင် အကုန်လုံးအံ့သြသွားကြမှာ ဟိုးးးးးးးးးးလွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်ကပေါ့လေ"

"ဘာ!!!!!!!!!!!လွန်ခဲ့တဲ့၃နှစ်ကျော်က ဟုတ်လား"

Tankhunရဲ့အသံပြဲကြီးနဲ့အော်ချက်ကြောင့် နဲနဲမူးရိပ်ရိပ်ဖြစ်နေတဲ့ငါ လန့်သွားရတယ်

"ဇာတ်လမ်းလေးရဲ့ပထမအစကတော့ လူတစ်ယောက်က သူ့ရဲ့မှောင်မဲတဲ့အတိတ်ဇာတ်လမ်းတွေထဲ ပိတ်မိနေပေမဲ့ ကောင်လေးတစ်ယောက်က တောက်ပတဲ့အပြုံးတွေနဲ့ကယ်ထုတ်ပေးခဲ့တယ် ဒါပေမဲ့ မင်းတို့သိလား အဲ့ကောင်လေးဆိုတဲ့Peteက အမြဲစနောက်နေတတ်ပြီး အမြဲထန်နေတတ်တယ်ဆိုတာ...."

Bound By Blood (Vegaspete)Where stories live. Discover now