Chapter-12 (Unicode)

417 46 10
                                    


Pete's pov (လွန်ခဲ့သော3လခန့်က)

ငါVegasကိုလွမ်းလာလို့ မိသားစုငယ်အိမ်ဆီခိုးဝင်လာပြီး Vegasအခန်းထဲသွားခဲ့ပေမဲ့ Vegasကအခန်းထဲမှာမရှိဘူး အဲ့ဒါမို့အိမ်တစ်ပတ်လိုက်ရှာလိုက်တယ်

အဲ့အချိန်မှာNopက ငါ့ကိုတွေ့သွားပြီး လူရှင်းတဲ့တစ်နေရာကို ဆွဲခေါ်သွားတယ်

"Khun Kanရောက်နေတယ်Pete အန္တရာယ်များတာမို့ ပြန်တော့"

Nopကငါ့ကိုအသိပေးပြီးတာနဲ့ ထွက်သွားတယ် ငါလဲပြန်မလို့လုပ်ပေမဲ့ Khun Kanရဲ့အခန်းတံခါးကဟနေတာမို့ အသံတွေကိုအထင်းသားကြားနေရတယ်

"Pa တော်ပါတော့ Hia အဆင်ပြေရဲ့လား"

ငါတံခါးနားကိုချဥ်းကပ်ပြီး အကုန်လုံးကိုချောင်းကြည့်နေလိုက်တယ် ငါစတွေ့လိုက်ရတဲ့မြင်ကွင်းက ငါ့ဒေါသကိုနှိူးဆွလိုက်သလိုပဲ Vegasကသူ့အဖေရှေ့မှာဒူးထောက်ထိုင်နေတယ်

သူ့အဖေကတအားရက်စက်တာလို့ Vegasကပြောဖူးပေမဲ့ ဒီလောက်ထိမတွေးဖူးဘူး ဒါကြောင့်ငါVegasကိုတွေ့တိုင်း သူ့ဆီမှာဒဏ်ရာတစ်ချို့ ရှိနေတတ်တာမို့ ပွစိပွစိနဲ့ငါဆေးထည့်ပေးရပေါင်း မနည်းတော့ဘူး လက်စသတ်တော့Khun Kanလက်ချက်ကိုး

Khun Kanကထပ်ပြီးVegasကို ပါးရိုက်လိုက်တာမို့
ငါ့ကိုယ်ငါတိုင်တစ်တိုင်ရဲ့ အနောက်ကို အမြန်ဝင်ပြီး စိတ်ကို ထိန်းချုပ်နေလိုက်တယ် ခနကြာတော့ Macauကငိုငိုယိုယိုနဲ့ သူ့အကိုကိုထူပြီး အခန်းထဲကထွက်သွားတယ်

ငါKhun Kanရဲ့အခန်းထဲကို အသံတိတ်ဝင်လိုက်တယ် ပြီးတော့အခန်းတံခါးကို​Lockချလိုက်ပြီး ငါ့ခါးပတ်ကိုဖြုတ်လိုက်တယ် ငါ့မှာသေနတ်ကအမြဲပါတာမို့ သေနတ်ကိုပါထုတ်လိုက်တယ်

ပြီးတော့Khun Kanကို သူ့စားပွဲပေါ်ကိုမှောက်ချလိုက်ပြီး ဖမ်းချုပ်လိုက်တယ် လက်၂ဖက်ကိုခါးပတ်နဲ့ ချည်လိုက်ပြီး သေနတ်နဲ့ပါတစ်ခါထဲချိန်ထားတယ်

"ဘယ်သူလဲကွ ဟဲ့ကောင် ငါ့ကိုလွှတ်စမ်း"

"Vegasကိုလက်ပါရဲတယ်ပေါ့ ကျွန်တော်အရမ်းဒေါသတွေထွက်နေတယ်နော်"

"မင်းအလုပ်မဟုတ်ဘူး ငါ့ကိုလွှတ် မင်းနားမလည်ပါဘူး"

"အော် ဒါဆိုကျွန်တော်နားလည်အောင်လုပ်ပြလေ မဟုတ်ရင် သတ်ပစ်လိုက်ဖို့ဝန်မလေးဘူးနော်"

Bound By Blood (Vegaspete)Where stories live. Discover now