Chapter-16 (Unicode)

362 46 8
                                    


Pete's pov

ငါမြေညီထပ်ကိုကြိုးစားဆင်းလာလိုက်တော့ Nopကငါ့ကိုတွေ့ပြီး တွဲလို့ကားပေါ်တင်ပေးပြီး မိသားစုငယ်အိမ်ဆီ ပြန်လာခဲ့ကြတယ် သူလဲသူ့သခင်ကိုဘယ်ခေါ်သွားလဲမသိဘူး

မိသားစုငယ်အိမ်ကိုရောက်တော့ Macauရဲ့မျက်နှာမှာ ဝမ်းနည်းမှုနဲ့ကြောက်ရွံမှုတွေပါရှိနေတာမို့ Macauကိုဖက်ပြီးနှစ်သိမ့်ပေးလိုက်တယ်

မိသားစုငယ်ဆီမှာ ကိုယ်ရံတော်အနည်းငယ်ရှိသေးတာမို့ သူတို့အကုန်လုံးကိုVegasရဲ့ရုံးခန်းမှာစုစည်းခိုင်းလိုက်တယ်

"Nop Vegasရဲ့ဖုန်းကို ခုချက်ချင်းခြေရာခံလိုက်"

ငါကဒဏ်ရာရထားတဲ့ ဒူးကိုဆေးထည့်ပြီး ပတ်တီးစည်းနေလိုက်ရင်း Nopကိုထပ်မေးလိုက်တယ် Macauကငါ့ဒဏ်ရာကိုကြည့်ရင်း ငိုမဲ့မဲ့လေးဖြစ်နေရှာတယ်

"ဒါနဲ့Kenရော"

Khun Noနဲ့စကားပြောနေတုန်းလဲ Kenကိုမတွေ့ဘူး ငါမြေညီထပ်ကိုရောက်တော့လဲ မတွေ့ ပြန်ဘူး မိသားစုငယ်ဆီရောက်တော့လဲမတွေ့တာမို့ စိတ်ပူလာရတယ်

"Kenကမင်းနဲ့တူတူမဟုတ်ဘူးလား"

ငါခေါင်းပဲခါပြလိုက်တယ်

"Khun Vegasဖုန်းရဲ့ နောက်ဆုံးတည်နေရာက မိသားစုကြီးပိုင်တဲ့ ဆေးရုံလို့ပြနေတယ်"

"သူတို့ပဲပစ်သတ်ခိုင်းပြီး ဆေးရုံကိုခေါ်သွားတာလား ညှင်းပန်းရတာမဝသေးလို့ ပြန်ကုပေးကြအုံးမလို့လား"

"Pete မင်းကအဲ့အိမ်မှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်လာတာလေ အဲ့အိမ်အကြောင်းမင်းပဲအသိဆုံးနေမှာပေါ့ ငါ့လာမမေးနဲ့"

"ဟုတ်သားပဲ ငါကမာဖီးယားလောကထဲမှာပဲလေ ရုပ်ရှင်ရိုက်နေတာမှမဟုတ်တာ"

ငါထိုင်နေရာကမတ်တပ်ကြိုးစားရပ်လိုက်တာမို့ ဒူးကနာကျင်မှုကစူးခနဲပဲ ခနကြာတော့လူတစ်ယောက်ကအသည်းအသန်ပြေးလာပြီး ငါ့ရှေ့ရောက်မှအသက်ကိုမနည်းရှူပြီး အမောတကောဆိုလာတယ်

"Pete!!!!! Khun Vegasအသက်ရှင်သေးတယ် မိသားစုကြီးပိုင်တဲ့ဆေးရုံမှာ အစောင့်တွေမနည်းမနောနဲ့"

Bound By Blood (Vegaspete)Where stories live. Discover now