Chapter-4 (Unicode)🔞

1.1K 77 7
                                    


Vegas's pov

"Shit! ငါ့ဆီမှာ ဘာအရက်မှမရှိဘူးလေ"
Peteက ငါ့လက်မောင်းကိုဆွဲထားပြီး လမ်းလျှောက်ရင်းက ရပ်လိုက်တာမို့ ငါပါရပ်လိုက်တယ်

"အာ.....ကျွန်တော်သိပြီ Khun Vegasကအထဲဝင်ပြီး ဝိုင်ပုလင်းသွားယူပေး ကျွန်တော်ကဒီမှာစောင့်နေမယ်"
လို့သူကအကြံပေးလာတာမို့ ငါခေါင်းခါပြလိုက်ရင်း

"ကိုယ်ဒီကနေ အိမ်တော်ထဲကိုပြန်ဝင်ရတဲ့ လမ်းကိုမသိဘူး အတူတူပြန်သွားကြတာပေါ့"

ငမူးသမားလေးက ငါ့နားကိုတိုးကပ်လာရင်း တိုးတိုးလေးကပ်ပြောလာတယ်

"ငတုံး Khun Vegas ဒီကစည်းကမ်းတွေကို မသိဘူးလား ဟမ်? ဒီလိုလုပ် အတူတူပြန်သွားမယ် ကျွန်တော်​ဝိုင်ပုလင်းယူလာမယ် ဒါပေမဲ့ကျွန်တော့်အနားတော့မကပ်နဲ့ "

ခနလေးငါ့ကို ငတုံးလို့ခေါ်လိုက်တာမလား

"ကိုယ်ကသူဌေးနော် မင်းမေ့နေမှာစိုးလို့ မင်းကကိုယ့်ကိုဟိုလိုလုပ် ဒီလိုလုပ်အမိန့်ပေးနေမယ်ဆို Khunလို့ထည့်ခေါ်မနေနဲ့တော့ Vegasပဲခေါ်လိုက်တော့"

ငါပြောလိုက်တာကို သူကနှုတ်ခမ်းလေးထော်ပြီး

"ဟုတ် တောင်းပန်ပါတယ် Vegas ဒါနဲ့ကျွန်တော်တို့အထဲဝင်ရမှာလား မဝင်ရတော့ဘူးလား"

ဝိုးးးးးသူတကယ်ကြီး Vegas လို့ခေါ်တာလား ငါကရွဲ့လိုက်တာလေ ဒါပေမဲ့သူကခေါ်ချင်ရာခေါ်ပါစေ ချစ်စရာလေးပဲကို

"ကိုယ်အရင်ဝင်လိုက်မယ်"

သူကခေါင်းညိတ်ပြပြီး အိမ်တော်ဆီပြန်သွားရမဲ့လမ်းကို ရှေ့ကနေပြတယ် ငါအထဲရောက်တော့Tankhunက Kinnနဲ့ဆက်သောက်နေဆဲပဲ
Kinnကငါ့ကိုတွေ့လိုက်တော့ အံ့သြသွားတယ် ငါအိမ်ပြန်သွားတယ်လို့ ထင်နေမှာကိုးး Peteလဲ ဝိုင်ပုလင်းတွေရှိတဲ့စားပွဲဆီကို ဦးတည်သွားတာမို့ ငါလဲသူ့အနားကို အမြည်းယူနေတဲ့ပုံစံမျိုးနဲ့ သူနဲ့မနီးမဝေးမှာ စောင့်နေလိုက်ရင်း ငါ့ကိုပြန်လှည့်ကြည့်လာတာမို့ ငါ့လက်မလေးထောင်ပြလိုက်တယ်

"ဟေ့ Pete မင်းပဲခုနကပဲ ထပ်မသောက်နိုင်တော့ဘူးဆို ခုကျ ဝိုင်ပုလင်းတွေထပ်မ နေပါလား" မျက်မှန်နဲ့ကောင်လေးက သူ့ကိုမေးနေတာ

Bound By Blood (Vegaspete)Where stories live. Discover now