Chapter-17 (Zawgyi)

122 6 1
                                    


Pete's pov

သွေးလှူကိစ္စတွေအကုန်ပြီးစီးသွားတာမို့ ဆေးရုံကထွက်လာလိုက်တယ် ပြီးတော့ကားဆီကိုပဲတန်းလာလိုက်တယ် ကားထဲရောက်တာနဲ့ Nopကငါ့ကို Yellow curryတစ်ခွက်နဲ့ ထမင်း၂ပန်းကန်ထိုးပေးလာတယ်

"မင်းရောစားပြီးပြီလား"

ငါ့အမေးကိုNopကခေါင်းညိတ်ပြလာတာမို့ ငါ့ထမင်းကိုစိတ်ဖြောင့်ဖြောင့်စားလိုက်တယ်

ငါထမင်းစားပြီးသွားတာမို့ ဘူးခွံတွေကိုပလတ်စတစ်အိတ်အနက်ထဲထိုးထည့်နေတုန်း ကားတံခါးကိုKenကဆွဲဖွင့်လာပြီး စီးကရက်တစ်လိပ်ကမ်းပေးတယ် ငါတို့၃ယောက်လုံးကားပေါ်ကဆင်းပြီး စိတ်ပင်ပန်းမှုတွေကိုဖြေဖျောက်နေလိုက်တုန်း Kenကစကားစလာတယ်

"ဒီဆေးရုံထဲမှာ ဘယ်သူမှမသိအောင် 2နာရီကျော်နေနိုင်အောင် ဘယ်လိုစီစဉ်လဲ"

"Vegasနဲ့ငါနဲ့ ဘယ်သူမှမသိအောင်တွဲလာတာ 3နှစ်ကျော်ပြီလေ ဒီ2နာရီလောက်က စကားထဲထည့်ပြောစရာတောင်မလိုဘူး"

စီးကရက်အငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးတော့ Khun Kanကိုသတိရသွားတယ် ငါသူနဲ့စကားတောင်ထပ်ပြောခွင့်မရလိုက်ပါဘူး ငါ့ငါ့မွေးစားအဖေကိုသတ်လိုက်တယ်ပြောလိုက်တော့ Khun Kanမျက်နှာပျက်သွားရတာက ငါ့မွေးစားအဖေက သူ့သူငယ်ချင်းဖြစ်နေလို့ကို

Vegasကိုရောရှင်းပြချိန်ကော ရလိုက်သေးရဲ့လား သူ့သားကိုချစ်တယ်ကော ပြောခွင့်ရလိုက်ရဲ့လားမသိဘူး




"Pete မင်းအသံဖမ်းစက်ကို ဘယ်မှာမေ့ကျန်ခဲ့တာလဲ"

Nopက ကပြာကယာနဲ့ရုတ်တရက်မေးလာတယ်

"Vegasအိပ်ရာထဲမှာထားခဲ့တာ ဘာလို့လဲ"

ငါ့အမေးကိုဘာမှပြန်မဖြေတော့ဘဲ သူ့နားကြပ်ကိုငါ့နားဆီထိုးထည့်ပေးတာမို့ ဟိုဘက်ကအသံတွေကိုအထင်းသားကြားလိုက်ရတယ်

"Khun Vegas သတိပြန်ရလာပြီမို့ ဘယ်နေရာကိုရွှေ့ဖို့စီစဉ်ထားလဲ"

"တစ်နာရီအတွင်းရွှေ့ဖို့ပြင်ကြ"

BANG! BANG!

သေနတ်သံကြောင့်ငါ့မျက်လုံးတွေပြူးပြီး ထိတ်လန့်သွားရတယ် အဆောက်အဦးကိုမော့ကြည့်လိုက်တော့လဲ Vegasအခန်းကနေ မှန်စတွေကွဲလွင့်လာတာ အထင်းသားမြင်ရတယ်

Bound By Blood (Vegaspete)Where stories live. Discover now