Chapter-8 (Zawgyi)

201 8 0
                                    


Vegas's pov

မစ်ရှင်ပြီးသွားလို့တစ်လပြည့်တော့မှ ကိစ္စတွေအကုန်ရှင်းလင်းတော့တယ် အန်ကယ်Kornက ရလဒ်ကိုအရမ်းကျေနပ်နေပေမဲ့ အဖေကတော့မဟုတ်ဘူး သူ့လျှို့ဝှက်အစီအစဉ်ကို ငါမအောင်မြင်ခဲ့တာမို့ အဲ့အဖွဲ့အစည်းရဲ့အထက်မှာရှိတဲ့ တကယ့်ခေါင်းဆောင်အစစ်ကို မစုံစမ်းနိုင်ခဲ့ဘူး

အဖေ့ကိုကျေနပ်အောင် ဘယ်လိုလုပ်ပေးမှရမှာလဲ ငါတကယ်ကိုပင်ပန်းနေပြီ Peteနဲ့ကလဲ ခုတစ်လောမတွေ့ရတာမို့ စိတ်ဖိစီးလွန်းလို့ သေတော့မယ်

ဒီနေ့ညလဲအဖေကဘာတွေအစီအစဉ်တွေချနေလဲမသိဘူး ပါတီပွဲကျင်းပမလို့ မိသားစုကြီးကိုဖိတ်ထားတယ်တဲ့ အန်ကယ်Kornကတော့ လာမှမဟုတ်ဘူး ဒါပေမဲ့သူ့သားတွေနဲ့ ကိုယ်ရံတော်တွေတော့လာမှာပေါ့ အဲ့ထဲမှာPeteပါဖို့ ဆုတောင်းနေမိတယ်

ငါ့အဖေကငါ့အပေါ်တစ်ခါမှ ဂုဏ်မယူဘူး ချီးမမွမ်းဖူးဘူး သူ့လက်ကိုသွေးစွန်းမှာကြောက်လို့ ငါ့ကိုအသုံးချတာတွေကြီးပဲ ခုတစ်လောလဲ Kinnရဲ့ ကိုယ်ရံတော်အသစ်အနောက်ကိုလိုက်ခိုင်းပြီး စုံစမ်းခိုင်းနေတယ် ငါ့အဖေလဲဘာလို့ သူများတွေရဲ့ကိစ္စတွေကို စိတ်ဝင်စားရတာလဲဆိုတာမသိဘူး

Kenကတော့ မိသားစုကြီးကသူလျှိုပေါ့ ခုတစ်လောအီတလီမာဖီးယားဘက်က ခြေလှမ်းတွေထပ်ပေါ်လာကြောင့်းအကြောင်းကြားထားပြီးသား ငါကမိသားစုကြီးရဲ့အရှုပ်တော်တွေထဲမဝင်ချင်ပေမဲ့ အဖေကအတင်းခိုင်းနေလို့ ဒါပေမဲ့လျှို့ဝှက်စုံစမ်းရတာတော့ ပျော်စရာကောင်းပါတယ်

'မင်းဒါတွေကို ရှာတွေ့ပြီလား ငါသူ့ကိုယုံကြည်သင့်ရဲ့လားတောင်မသိတော့ဘူး'
ငါ့ကိုပို့လာတဲ့ မှတ်စုစာရွက်လေးကိုဖတ်လိုက်တယ် ဘယ်သူပို့တာလဲတော့ မသိဘူး

........................................................

ည၉နာရီလောက်ရောက်တော့ ငါတို့ခြံဝန်းထဲမှာ လူတော်တော်စုံနေပြီ အဓိကကတော့ရေကူးကန်နားမှာပေါ့
Kinnရော သူ့ကိုယ်ရံတော်အသစ်ကိုပါ ငါတွေ့တယ် အဲ့အကောင်ကို အဖေကဘာလို့လိုက်စုံစမ်းခိုင်းရတာလဲ ငါအဓိကလိုက်ရှာနေတာ Peteပါ
ခနကြာတော့ Tankhunရဲ့ဘေးမှာ နောက်ထပ်၂ယောက်နဲ့အတူPeteကိုပါတွေ့တယ် ရေကူးဘောင်းဘီနဲ့ T-shirtလေးပဲဝတ်ထားတယ် ဝိုင်ခွက်ကိုကိုင်ထားရင်း ပေါက်ပေါက်ဖောက်နေတာ

Bound By Blood (Vegaspete)Dove le storie prendono vita. Scoprilo ora